အမိုက်စား ပွဲတက်ဝတ်စုံနဲ့ ပရိသတ်တွေရဲ့ အကြည့်တွေကို ဖမ်းစားလိုက်တဲ့ နန်းသီရိမောင်

သရုပ်ဆောင်မင်းသမီးတစ်ယောက်၊ ဖိုတိုမော်ဒယ်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့သူတစ်ယောက်ဖြစ်တဲ့ နန်းသီရိမောင်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။

နန်းသီရိမောင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Balance Fashion Night ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးထားပါသေးတယ်။ အမြဲလန်းနေတဲ့ နန်းသီရိမောင်ကတော့ သူမရဲ့ ဘော်ဒီအလှကို ပေါ်လွင်စေတဲ့ အနက်ရောင်ဝတ်စုံလေးနဲ့ အရမ်းကို လှနေလွန်းပါတယ်။

နန်းသီရိမောင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် နန်းသီရိမောင်ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နန်းသီရိမောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Nang Thiri Maung

SHARE