“နင် Romeo ဆို ငါဟာလေ Juliet” ဆိုတဲ့ နန်းသီရိမောင်

မော်ဒယ်တစ်ယောက်အဖြစ်သာမက သီချင်းတွေကို သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်တစ်ယောက်အဖြစ်ပါ ပရိသတ်တွေကြားမှာ လူသိများတဲ့ ဆယ်လီမလေးတစ်ယောက်ဖြစ်တဲ့ နန်းသီရီမောင်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အလှဓါတ်ပုံတွေကို မျှဝေပေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံအသစ်လေးတွေကို ဖေစ့်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

နန်းသီရီမောင်ကတော့ “နင် Romeo ဆို ငါဟာလေ Juliet 💏Piano 🎹 လို နင်အဖြူဆိုငါကအနက်
မတူညီနိုင်တာကို ပေါင်းစပ်လို့ သံစဉ်သီချင်းဆို….”လို့ရေးထားပြီး ဓါတ်ပုံတွေကို ဖေစ့်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ အဖြူအနက် ဖက်ရှင်ကို တွဲဖက်ပြီး ဝတ်ထားတဲ့ နန်းသီရီမောင်ကတော့ အရမ်းကို ဆွဲဆောင်မှုရှိလွန်းနေပါတယ်။

ပရိသတ်တွေအတွက် နန်းသီရီမောင်ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nang Thiri Mg

SHARE