မွေးနေ့မှာ ချစ်ရသူနဲ့အတူ ကုသိုလ်ယူခဲ့တဲ့ နန်းဆုရတီစိုး

ဒီကနေ့ စက်တင်ဘာလ (၁၈)ရက်နေ့ကတော့ သရုပ်ဆောင် မင်းသမီး အဆိုတော် နန်းဆုရတီစိုးရဲ့ မွေးနေ့လေးပါ။ နန်း ဆုရတီစိုးကတော့ မွေးနေ့မှာ ဘုရားသွား ကုသိုလ်ယူဖြစ်ခဲ့ပါတယ်။ သူမရဲ့ ကုသိုလ်ယူတဲ့ နေရာမှာ ချစ်သူ G Fatt လည်း အတူတူ လိုက်ပါခဲ့တာကို တွေ့ရပါတယ်။

“အမြဲပျော်ရွှင်ချမ်းမြေ့ပြီး ကိုယ်က ချစ်တဲ့သူ ကိုယ့်ကို ချစ်တဲ့သူတွေနဲ့ အတူတူ ဘဝမှာ အနောက်ကို ပြန်လှည့်ကြည့်မိတဲ့အခါတိုင်း စိတ်ကျေနပ်စရာတွေနဲ့သာ ပြည့်ရပါလို၏ လို့ ဆုတောင်းသလို ဆုတောင်းတွေပြည့်အောင်လည်း အမြဲကြိုးစားနေထိုင်ပါတယ် ကိုယ်ပြုလုပ်ဆောင်ခဲ့ လုပ်ဆောင်နေဆဲ လုပ်ဆောင်သွားမယ့် ကုသိုလ်ကောင်းမှုတွေအားလုံး ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကိုချစ်တဲ့သူတွေ အမြဲရကြပါစေလို့ တောင်းဆုပြုရင်း……….” ဆိုပြီး နန်းဆုက ဘုရားတက်တဲ့ ပုံလေးတွေကို ဝေမျှထားပါတယ်။

READ
ဂရမ်မီ ညရဲ့ ကိုးရိုးကားရားဝတ်စုံများ

(၂၀၁၆) တုန်းကတော့ နန်းဆုက we love Nansu Yati Soe group နဲ့အတူ ရွှေတိဂုံဘုရားမှာ ဘုရားရင်ပြင်တော် သန့်ရှင်း ရေးလုပ်၊ စတုဒီသာ ကျွေးရင်း ကုသိုလ် ပြုခဲ့ပါတယ်။ နန်းဆုရတီစိုးကတော့ ချစ်သူ G Fatt နဲ့ အတူ လက်တွဲပြီးနောက်ပိုင်း ဂီတလှုပ်ရှားမှုတွေ ပိုလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။

from နန်းဆုရတီစိုး

SHARE