Sharapova ကို ကျော်တက်ပြီး ၀င်ငွေ စံချိန်သစ် တင်လိုက်နိုင်တဲ့ Naomi Osaka

Image:IG/Sharapova & Naomi Osaka

အသက် (၃၃)နှစ်အရွယ် Maria Sharapova  ကတော့ ရုရှားတင်းနစ်မယ်  ဖြစ်ပြီး အသက် (၂၂)နှစ်အရွယ် Nao mi Osaka ကလည်း ကမ္ဘာ ကျော်တင်းနစ် အားကစားမယ် တစ်ယောက်ပါ။Maria Sharapova က တော့ ဒီနှစ် အ စောပိုင်းတည်းက တင်းနစ် လောက  က နေ အနား ယူသွားပါပြီ။ဒါပေမယ့် တစ်ခေတ် တခါ က အရမ်းကို နာမည်ကြီး ခဲ့ သလို အခုထိလည်း ပရိသတ် အားပေးမှုကို အပြည့် အ၀ ရထားတဲ့ အားကစားမယ်ဟောင်း တစ်ယောက် ပါ။ချော မောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ မို့ အားကစား မယ် ဘ၀ မှာတည်းက တစ်ဖက်မှာ လည်း ကြော်ငြာ မော်ဒယ် အဖြစ် ပါ တွဲ ပြီး လုပ်လာခဲ့ပါတယ်။(၂၀၁၅)တုန်းက  အ မေရိကန် ဒေါ်လာ (၂၉.၇)သန်းနဲ့ ၀င်ငွေ  အ ကောင်းဆုံး အမျိုးသမီး အားကစားသမား အဖြစ် စံချိန် တင်ခဲ့ဖူး ပါတယ်။ဒီ အ ကြောင်းကိုတော့ CNN နဲ့ metro မှာ ဖော်ပြ ထားတာပါ။

 

View this post on Instagram

 

Thank you for having me @therivieracountryclub for a really fun afternoon. Reunited with this beautiful woman. @hilaryswank ✨✨

A post shared by Maria Sharapova (@mariasharapova) on

ဒါပေမယ့် အခုဆိုရင်တော့ Sharapova  တင်ခဲ့တဲ့ ၀င်ငွေ  စံချိန် ကိုတော့ Naomi Osaka က ကျော် တက်သွား ပါပြီ။သူမ ကတော့  မနှ စ် တုန်းက ၀င်ငွေ အမေရိ ကန်ဒေါ်လာ (၃၇.၄)သန်း အထိ ရခဲ့တယ်လို့ Forbes က ဖော်ပြ ခဲ့ပါတယ်။အသက် က တော့ (၂၂)နှစ် ပဲ ရှိ ပါ သေးတယ်။ပြီးခဲ့တဲ့ လေးနှစ် အတွင်းမှာတော့ Serena Williams က ၀င်ငွေ အမေရိကန် ဒေါ်လာ  (၁၈-၂၉)  သန်းနဲ့ ၀င်ငွေ အ ကောင်းဆုံး အားကစားမယ် အဖြစ် ရပ်တည်ခဲ့တာပါ။ Maria Sharapova  ကတော့ အရင်တုန်းက ၀င်ငွေ  အ မေရိကန် ဒေါ်လာ (၂၉.၇)သန်း နဲ့ ၀င်ငွေ အ ကောင်းဆုံးဆိုတဲ့ စံချိန်ကို တင် ထားနိုင်ခဲ့သူပါ။Serena Williams တောင်မှ မကျော်နိုင်ခဲ့တဲ့ Sharapova ရဲ့ ၀င်ငွေ စံချိန် ကို Naomi Osaka က ကျော် တက်နိုင်ခဲ့တာပါ။

 

View this post on Instagram

 

On a real note 2019 was probably the best year of my life. Even though at times it really tested me, (like honestly ), I learned a lot this year and I realized I have greater influence over the things that can happen to me than I originally thought. 2019 has seen me struggle and thrive, also hit my highs and lows (drop to to the floor- meg the stallion type low lol). Towards the end of the year I realized all I can ever try to do is obtain more knowledge and attempt to grow as a person. On that note- super excited to show everyone what I’ve got planned for 2020, (both on and off the court). Love you guys ❤️ p.s : this is a tennis year thank you. I’m well aware we got 2 more months and we’re still out here in 2019

A post shared by 大坂なおみ (@naomiosaka) on

သူမ ကတော့ (၂၀၁၈)တုန်းက US Open  မှာ Williams  ကို အနိုင်ရပြီးတည်းက နာမည်ကြီးလာခဲ့သူပါ။ဂျပန် မှာ မွေး ပေမယ့်  အမေရိကန် မှာ ကြီးပြင်းလာခဲ့တဲ့ သူမက တော့ စပွန်ဆာတွေ ကြားမှာ ရေပန်းစား သူပါ။Forbes ရဲ့ ဖော်ပြ ချက်အရ သူမဟာ အခုဆိုရင် နာမည်ကြီး Brand  (၁၅)ခုနဲ့ လက်တွဲ အလုပ်လုပ် နေပါတယ်။သူမ နဲ့ လက်တွဲ လုပ် နေတဲ့ အထဲမှာ Nike လည်း ပါပါတယ်။မကြာခင်မှာ Forbes ကေ န ထုတ်ပြန်မယ့် Forbes က ထုတ်ပြန် တဲ့ ၀င်ငွေ အ ကောင်းဆုံး အားကစားသမား အယောက် တစ်ရာ စာရင်းမှာ တော့ Osaka က နံပါတ် (၂၉) နဲ့ Williams  က တော့ နံပါတ် (၃၃) နေရာမှာရှိ နေပါတယ်။

 

View this post on Instagram

 

So honored to be on the cover of @gqjapan one of the most fun shoots I’ve ever done ❤️❤️❤️ #gqjapan

A post shared by 大坂なおみ (@naomiosaka) on

#SHWEMOM
SHARE