Greta Thunberg နဲ့ ထိပ်တိုက်တွေ့မယ့် YouTuber မလေး Naomi Seibt

Instagram_GretaThunberg/Instagram_NaomiSaibet

အသက်(၁၉)နှစ်အရွယ် ဂျာမန် YouTuber Naomi Seibt က ကမ္ဘာကြီးဟာ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအလယ်မှာ ရောက်နေတယ်လို့ပြောခဲ့ပါတယ်။ သူမကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာပေါ်လစီရဲ့ အနောက်မှာ ရပ်တည်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့အပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာတက်ကြွလှုပ်ရှားမှုအရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူမဟာ အဲ့လိုလှုပ်ရှားမှုတွေမှာ ပါဝင်မှုမရှိ တော့ပါဘူး။

ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး လူတွေထိပ်လန့်တုန်လှုပ်အောင်လုပ်နေတာတွေကိုတားဆီးဖို့အတွက် Greta Thunberg ရဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုရဲ့ဆန့်ကျင်ဘက်အခြမ်းမှာ ရပ်တည်မှာဖြစ်တယ်လို့ Seibt ကပြောပြခဲ့ပါတယ်။

 

Heartland Institute အဖွဲ့ကလည်း ရာသီဥတုပြောင်းလဲမှုရဲ့တစ်ကယ့်အဖြစ်အပျက်အမှန်က ဘာဆိုတာကို ဖော်ထုတ်သွားမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှာကြောင့် ဖြစ်ပေါ်လာတဲ့လူတွေရဲ့အခန်းကဏ္ဍမှာ သိပ္ပံထောက်ပံမှုတွေ ရှိနေတယ်ဆိုတာကို လူတွေယုံကြည်နေကြတဲ့အပေါ် ဖော်ထုတ်ဖြေရှင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးအရာရှိရဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပျက်လုနီးပါးအထိသက်ရောက်မှုရှိနေ တယ်လို့ပြောဆိုချက်ကို ရူပဗေဒပညာရှင် William Happer ကငြင်းဆိုခဲ့ပါတယ်။ အဲ့လိုငြင်းဆိုပြောခဲ့တာကတော့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှာတာဝန်ထမ်းဆောင်ချိန်တုန်းက William Happer ကပြောခဲ့တာ ဖြစ်တယ်လို့ Washington Post သတင်းစာမှာဖော်ပြထားပါတယ်။

မကြာသေးခင်က စုံစမ်းမှုတစ်ခုမှာ Heartland Institute အဖွဲ့က ဂျာမနီနိုင်ငံမှာ ရာသီဥတုကာကွယ်ရေး အစီအစဉ်တွေကိုဖျက်စီးဖို့ Seibt ရဲ့အကူအညီကိုယူပြီးလုပ်ဆောင်မှာဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးပေါ်လစီအတွက် Arthur B. Robinson စင်တာရဲ့ညွှန်ကြားရေးမှူး James Taylor ကတော့ ဒီကိစ္စဟာမဟုတ်မှန်ကြောင်းနဲ့ လျှို့ဝှက်ပြီးလုပ်တာဘာမှ မရှိကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

 

 

View this post on Instagram

 

School strike week 78. #fridaysforfuture #schoolstrike4climate #climatestrike

A post shared by Greta Thunberg (@gretathunberg) on

ရာသီဥတုပြောင်းလဲမှုရဲ့တစ်ကယ့်အမှန်တရားကိုလူတွေသိစေဖို့အတွက် Heartland Institute အဖွဲ့က YouTuber Seibt ကိုကူညီလုပ်ဆောင်ပေးခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရာဦဥတုပြောင်းလဲမှုဆိုင်ရာ ဆွီဒင်တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Greta Thunberg နဲ့ Seibt တို့ကို မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေလုပ်ဆောင်နိုင်ဖို့စီစဉ်ပေး မှာဖြစ်ပါတယ်။

Naomi Seibt ကတော့ သူမကိုယ်သူ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတစ်ကယ့်အဖြစ်အပျက်တွေကိုဖော်ထုတ်မယ့်သူ တစ်ဦးလို့ကြွေးကြော်ထားပါတယ်။

(၂၀၁၉)ခုနှစ်ကစပြီး ရာသီဥတုပြောင်းလဲမှုနဲ့ဆိုင်တဲ့ထိတ်လန့်မှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ယာစွန်းရောက်တဲ့အမြင်ရှိတဲ့သူတွေကို သူမရဲ့ channel ကနေတစ်ဆင့် ဖြေရှင်းချက်တွေထုတ်ပြန်ပေး သွားမှာဖြစ်တယ်လို့ Seibt ကပြောခဲ့ပါတယ်။

ပွင့်လင်းတဲ့ဈေးကွက်တွေနဲ့လူတစ်ဦးချင်းသီခြားအခွင့်အရေးတွေအတွက် Seibt ဟာထောက်ခံပေးနိုင်လိမ့်မယ်လို့ Taylor ကယုံကြည်ထားပါတယ်။ ဘာလို့ဆို ဒီ(၁၉)နှစ်အရွယ်မိန်းကလေး Seibt ဟာ ဥာဏ်ရည်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်လို့ Taylor ကပြောခဲ့ပါတယ်။

Seibt ကလည်း အရင်တုန်းက သူမလည်း Thunberg လိုပဲ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အမှန်တရားကိုသာ သိစေချင်သူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် Thunberg နဲ့အမြင်မတူတော့ပေမယ့်လည်း Thunberg ကို မုန်းတဲ့သူတစ်ယောက်တော့ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Thae Su

SHARE