(၁) နှစ်ကျော်ကြာကွဲကွာပြီးမှ ပြန်တွေ့ရတဲ့ သခင်ကို စိတ်လှုပ်ရှားစွာကြိုဆိုခဲ့တဲ့ ခွေးလေး

twitter/Astro_Christina

နာဆာက အာကာသယာဉ်မှုးဖြစ်သူ ခရစ်စတီးနားကို့ခ်ျက အာကာသထဲမှာ (၃၂၈) ရက်တာ နေထိုင်ခဲ့အပြီးမှာ ကမ္ဘာမြေပေါ်ကို ပြန်လာနိုင်ခဲ့ပါတယ်။ သူမဟာ အာကာသယာဉ်ထဲ အချိန်အကြာကြီး နေထိုင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် စံချိန်ချိုးခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ အာကာသထဲရောက်နေစဉ် ယာဉ်အပြင်ဘက် အာကာသဟင်းလင်းပြင်ထဲမှာ (၆) ကြိမ်တိုင် စူးစမ်းလေ့လာမှု ပြုနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူမဟာ အိမ်ကို ပြန်ရောက်နိုင်ခဲ့ပါပြီ။ သူမရဲ့ခွေးလေး Little Brown Dog လို့ အမည်ပေးထားတဲ့ LBD ကတော့ သူမနဲ့ တွေ့ဖို့ကို စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။ ကို့ခ်ျကတော့ သူမနဲ့ LBD တို့ ပထမဆုံးတွေ့ဆုံကြတဲ့ ဗီဒီယိုဖိုင်ကို တွစ်တာပေါ်မှာ ရှဲခဲ့တာကို insider သတင်းမှာ တွေ့ရပါတယ်။

READ
အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ဖြတ်ပြီးပျံသန်းသွားတဲ့ ဂြိုဟ်သားတွေရဲ့ယာဉ်ငယ်တစ်ခု
twitter/Astro_Christina

ဗီဒီယိုထဲမှာတော့ LBD ဟာ အမြှီးလေးတနှံ့နှံ့နဲ့ယမ်းပြီး အိမ်ရှေ့တံခါးကနေ အပြင်ကို မျှော်ကြည့်နေတာပါ။ ကို့ခ်ျကိုလည်း မြင်ရော ထိန်းမနိုင်သိမ်းမရနဲ့ လုံးဝအငြိမ်မနေပဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ကို့ခ်ျကတော့ ဘယ်သူက ပိုပြီး စိတ်လှုပ်ရှားနေသလဲတောင် မသိတော့ဘူးဆိုပြီး ဗီဒီယိုမှာ ကတ်ပ်ရှင်ထိုးထားပါတယ်။

ကို့ခ်ျကတော့ အခုလို တစ်နှစ်ကျော် ခွဲခွာအပြီးမှာ LBD က သူမကို ကောင်းကောင်းမှတ်မိသေးတဲ့အတွက် ၀မ်းသာကြောင်းဆိုပါတယ်။ ချစ်ရတဲ့လူတွေ၊ နေရာတွေနဲ့ အနှစ်သက်ဆုံး တိရစ္ဆာန်လေးကို အကြာကြီးခွဲခွာခဲ့ရပြီးတဲ့နောက်မှ ပြန်တွေ့ရတာဟာ သူမအတွက်လည်း အများကြီး စိတ်လှုပ်ရှားမှုဖြစ်မိကြောင်း ကို့ခ်ျက ဆိုပါသေးတယ်။

READ
ပါကစ္စတန် ကက်သလစ်ဘုရားကျောင်း တိုက်ခိုက်ခံရမှု CCTV ထွက်ပေါ်

လင်းလင်း(ShweMom)

SHARE