အင်္ဂါဂြိုဟ်ရဲ့ မြေအောက်လှိုဏ်တွေထဲမှာ သက်ရှိတွေ ရှိနေနိုင်ကြောင်း NASA ယုံကြည်

Wikimedia Commons

NASA ရဲ့ သိပ္ပံပညာရှင်တွေဟာ အင်္ဂါဂြိုဟ်ရဲ့ မြေအောက်လှိုဏ်ဂူတွေထဲမှာ သက်ရှိနေတွေ ရှိနေနိုင်ကြောင်း တွေးထင်နေတယ်လို့ သိရပါတယ်။ ဒီမတိုင်ခင်ကလည်း သိပ္ပံပညာရှင်တွေ တော်တော်များများကတော့ တစ်ခြားဂြိုဟ်တွေမှာလည်း သက်ရှိတွေ ရှိနေနိုင်ကြောင်းကို အမျိုးမျိုး ယူဆခဲ့ပါတယ်။

သို့သော်လည်း ကမ္ဘာဂြိုဟ်နဲ့ အနီးဆုံးဖြစ်တဲ့ လကမ္ဘာမှာတောင် သက်ရှိတွေ တကယ်ရှိတယ် မရှိဘူး၊ ယနေ့အချိန်ထိ ပညာရှင်တွေအကြား အငြင်းပွားနေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် NASA ကတော့ ဒီဘက်မှာ လက်မလျှော့ပါဘူး။ အခုလည်း NASA သိပ္ပံပညာရှင်တစ်ဦးက အင်္ဂါဂြိုဟ်မှာ သက်ရှိတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

သူက အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ အလွန်အေးလွန်းခြင်း၊ အလွန်ပူလွန်းခြင်းအပြင် ရေဒီယိုသတ္တိကြွမှု အဆိပ်အတောက်တွေကလည်း အဆပေါင်းများစွာ ရှိနေခဲ့တာကြောင့်၊ သက်ရှိတွေဟာ မြေပြင်ပေါ်မှာ မနေနိုင်ကြတာ ဖြစ်နိုင်ကြောင်း၊ သက်ရှိတွေ ရှင်သန်နေထိုင်ဖို့ တစ်ခုတည်းသော နေရာကတော့ မြေအောက်လှိုဏ်ဂူတွေထဲမှာသာ ဖြစ်နိုင်တယ်လို့ ဆိုခဲ့တာပါ။

USGS

US Geological Survey’s (USGS) Astrogeology Science Center က ထုတ်ပြန်တဲ့ အင်္ဂါဂြိုဟ်ရဲ့မျက်နှာပြင် မြေပုံပေါ်မှာတော့ ဂူပေါင်း (၁၀၀၀)ကျော်ရဲ့ ဝင်ပေါက်တည်နေရာတွေကို ပြသထားတာကို တွေ့ရပါတယ်။ NASA Jet Propulsion Laboratory မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Vlada Stamenković ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့က အဆိုပြုမှုတစ်ခု လုပ်ခဲ့ပါတယ်။

သူက မြေအောက်ရေ၊ ဒါမှမဟုတ် မြေအောက်လှိုဏ်ဂူတွေအတွင်းက သက်ရှိတွေကို အာရုံခံ ရှာဖွေပေးနိုင်တဲ့ ပစ္စည်းကိရိယာတစ်ခုခု အင်္ဂင်္ါဂြိုဟ်ဆီကိုပို့ပေးဖို့ အဆိုပြုခဲ့တာပါ။ Mars Extant Life စုံညီအစည်းအဝေးမှာ သိပ္ပံပညာရှင် Vlada က “ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ အလွန်ဆိုးတဲ့ ဓာတ်တိုးပစ္စည်းတွေ၊ ရေဒီယိုသတ္တိကြွမှု မြင့်မားတဲ့ ပတ်ဝန်းကျင်တွေကြောင့် ရေဆိုတာ ရှိဖို့ လုံးဝမလွယ်ပါဘူး ”လို့ ပြောခဲ့ပါတယ်။

“ ဒါဟာ သက်ရှိတွေ နေထိုင်ဖို့ အဆိုးဆုံးနေရာ ဖြစ်ပါတယ် …ဒါပေမယ့် မြေအောက်ရေရှိနိုင်ပြီး ဒါက တစ်ခုတည်းသော က်ရှိတွေ တည်နေနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်ပါတယ် … ဒီနေ့အထိ မြေအောက်ရေတွေ တည်ရှိနေသေးတယ် ဆိုရင်ပေါ့ ”လို့ ထပ်ဆောင်း ပြောခဲ့ပါတယ်။

အာကသစခန်းကလည်း ယခုနှစ်မှာ စုံစမ်းထောက်လှမ်းမယ့် Rover တစ်ခု စေလွတ်ဖို့ ရှိနေပြီး၊ ဒီယာဉ်လေးကတော့ ယခင်ကထက် ပိုပြီးနက်ရှိုင်းတဲ့ ရှာဖွေမှုတွေ၊ နမူနာသဲလွန်စတွေ ပို့ပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။ Shanghai Astronomical Observatory အဖွဲ့ကလည်း တသက်ရှိတွေနေထိုင်နိုင်တဲ့ အလားအလာတွေကို ထုတ်ပြန်ခဲ့ပါတယ်၊

Facebook/BarbaraDavid

အောက်စီဂျင်ဟာ လူသားတွေအတွက် အရေးပါးဆုံး ဒြပ်စင်တစ်ခုဖြစ်ကြောင်း၊ သိပ္ပံပညာရှင်အများစုကလည်း ဒီဒြပ်စင်ကို စကြဝဠာအတွင်းမှာ အလွယ်တကူရှာနိုင်မယ်လို့် ယုံကြည်ခဲ့ကြပါတယ်။ သို့သော်လည်း ယနေ့အချိန်ထိတော့ အဲဒီအကြံအစည်ဟာ အကောင်အထည် မပေါ်သေးဘဲ၊ လေထဲက တိုက်အိမ်အဆင့်သာ ရှိပါသေးတယ်။

ရေဒီယိုတယ်လီစကုပ်တွေရဲ့အစွမ်းနဲ့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာနဲ့  အလင်းနှစ်သန်းပေါင်း (၅၆၀)အကွာအဝေးမှာ Markarian 231 လို့ခေါ်တဲ့ နဂါးငွေ့တန်းတစ်ခုကို ရှာဖွေတွေ့ရှိထားပြီး၊ အဲဒီမှာ ရေဒီယိုသတ္တိကြွမှု လှိုင်းအလျှားဟာ (၂.၅၂)မီလီမီတာသာ ရှိတဲ့အတွက်၊ ဒါဟာ အောက်ဆီဂျင်ရှိနိုင်တဲ့ ဒါမှမဟုတ် အောက်ဆီဂျင်ကို ရှူလို့ရနိုင်တဲ့ အနေအထားတစ်ခုဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာမြေပြင်ပေါ်မှာတောင် အောက်ဆီဂျင် ဘယ်နေရာမှာရှိတယ်ဆိုတာ အာရုံခံနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး အကြောင်းကတော့ ကျွန်တော်တို့ကို အသိပေးမယ့် Signal (သင်္ကေတတွေ)ဟာ ဂြိုဟ်ရဲ့လေထုစုပ်အားအတွင်း အလွယ်တကူ ပျောက်ကွယ်သွားနိုင်လို့ ဖြစ်ကြောင်း သိရပါတယ်။

သို့သော်လည်း Markarian 231 ရှိတဲ့ အလင်းရောင်ဟာ လှိုင်းအလျှား တိုးသွားခြင်းကြောင့် သွားတဲ့လှိုင်းအလျှားက ပိုရှည်လျှားသွားပါတယ်။ ဒီအချက်တွေကြောင့် အသစ်တွေ့ရှိတဲ့ နဂါးငွေ့တန်းဆီမှာ အောက်ဆီဂျင်တွေ ရှိနေနိုင်ပြီး၊ ဒါဟာ ကျွန်တော်တို့ နေအဖွဲ့အစည်း ပြင်ပမှာ အကြီးမားဆုံး အောက်ဆီဂျင်အသိုက်ကြီး ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။

လင်းသုတ

SHARE