ကမ္ဘာကြီး နာမကျန်းဖြစ်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ဒါကို ကျွန်တော်တို့လည်း ဒါကို သိသိရက်နဲ့ကို လျစ်လျူရှုမှန်းမသိ ရှုနေခဲ့ကြတာပါ။ ဒါကို NASA ကတော့ လူသားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကို အာရုံစိုက်သင့်နေပြီဆိုပြီးတော့ သတိပေးဖို့အတွက် ဓာတ်ပုံသက်သေတွေနဲ့တကွ ပြလာခဲ့ပါတယ်။ ဘယ်လိုမျိုးတွေပါမလဲဆိုတာ ကြည့်လိုက်ရအောင်။
(၁) Arctic Sea-Ice
ဒါကတော့ အာတိတ်စက်ဝန်းက ပုံပါ။ ၁၉၈၄ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့ ယှဉ်ပြထားတာပေါ့။ ၂၀၁၂ ခုနှစ်တုန်းကတောင်မှပဲ ရေခဲတွေ တော်တော့်ကို အရေပျော်နေတာကို သိသိသာသာမြင်တွေ့ရမှာပါ။ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ဝင်ရိုးစွန်းမှာရှိနေတဲ့ ရေခဲတွေဟာ တဖြေးဖြေးနဲ့ အရေပျော်လာခဲ့ကြတာဖြစ်ပါတယ်။ ဒီအကျိုးဆက်တြွျေေကာင့် နေရာအနှံ့မှာလည်း ရေကြီးရေလျှံတွေ ဖြစ်လာခဲ့ကြပါတယ်။

(၂) Central Asia
Central Asia က Aral သမုဒ္ဒရာပုံပါ။ ၂၀၁၄ ခုနှစ်မှာတော့ သိသိသာသာကြီးကို ခမ်းသွားခဲ့ပါတယ်။ ဒီဒဏ်တွေကြောင့် Kazakhstan, Uzbekistan နဲ့ Turkmenistan တို့တစ်ဝှက်မှာ စိုက်ပျီုးရေးအတွက် အခက်အခဲတွေဖြစ်လာခဲ့ပါတယ်။ ဆောင်းတွင်းဆို ပိုအေးပြီး နွေဖက်ဆို ပိုပူလာခဲ့ပါတယ်။

(၃) Alaska
Alaska က Muir ရေခဲပြင်ကြီးပါ။ ၁၉၄၁ ခုနှစ်မှာ တစ်ဒေသလုံး ရေခဲတွေလွှမ်းနေခဲ့ပေမယ့် ၂၀၀၄ ခုနှစ်မှာတော့ ရေခဲတွေအရေပျော်ပြီး မြစ်လိုဖြစ်သွားခဲ့ပါပြီ။ တောင်တွေပေါ်က ရေခဲတွေဟာလည်း အခုဆိုရင် မရှိလောက်ကို ပါးလာခဲ့တာပါ။ ဒါဟာ ကမ္ဘာကြီး မကျန်းမာခြင်းရဲ့ လက္ခဏာတွေပါပဲ။

(၄) Arizona နဲ့ Utah
Powell ရေအိုင်ကြီးရဲ့ ပုံပါ။ ၁၉၉၉ ခုနှစ်တုန်းကတော့ ရေတွေနဲ့ ပြည့်နှက်နခဲ့ပေမယ့်လို့ ၂၀၁၄ ခုနှစ်မှာတော့ ရေတွေ နည်းသွားခဲ့တာတွေ့မှာပါ။ ၂၀၁၄ ခုနှစ် မေလမှာ ရေခန်းထဲက ရေတွေရဲ့ ၄၂% ဟာ ခမ်းနေခဲ့ပါပြီတဲ့။

(၅) ကမ္ဘာ့ရေခဲပြင်များ
၂၀၁၇-၁၈ ခုနှစ်လောက်တုန်းက ပုံကို ကြည့်လိုက်ရင် ရေခဲပြင်တွေဟာ အပေါ်က တစ်ပုံထက်စာရင် လျော့နည်းနေတာကို တွေ့ရမှာပါ။ ဒီဖြစ်ရပ်တွေကြောင့် ရာသီဥတုပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ပါတယ်။

(၆) Alaska
နောက်ထပ် Alaska က ပုံတစ်ပုံဖြစ်ပါတယ်။ Columbia ရေခဲပြင်ကြီးဟာ Heather ကျွန်းကနေ Columbia Bay အထိကို ရှည်နေခဲ့တာပါ။ ဒါပေမဲ့လို့ ပင်လယ်နဲ့ထိဆက်နေတဲ့အပိုင်းတွေကတော့ အခုဆိုရင် အရည်တွေ ပျော်နေခဲ့ပါပြီ။

penny