ပိုးမွှားတွေနဲ့ ၄င်းတို့ရဲ့ပြန့်ပွားပုံကို ဗီဒီယိုဖိုင်ဖန်တီးပြီးဖော်ပြခဲ့တဲ့ နာဆာအင်ဂျင်နီယာဟောင်း

twitter/Mark Rober

ဒီလအပိုင်းအခြားအတွင်းမှာ COVID-19 ကနေကာကွယ်ဖို့ လက်ကိုများများဆေးကြပါဆိုတဲ့ တိုက်တွန်းချက်ကိုကြားကြမှာပါ။ ဆပ်ပြာကို သုံးပြီး လက်တွေကို စက္ကန့်(၂၀) ကြာ ရေဆေးကြော သန့်စင်ပါလို့လည်း ပညာရှင်တွေက တိုက်တွန်းကြပါတယ်။ အောက်ဘက်မှာတော့ လက်ဆေးတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

မကြာသေးခင်တုန်းကလည်း ကလေးဖခင်တစ်ဦးက ငရုတ်ကောင်းနဲ့ ရေကို သုံးပြီး ဆပ်ပြာရဲ့အကျိုးကျေးဇူးအကြောင်းကို ပြောပြခဲ့ပါတယ်။ အခုအခါမှာလည်း နာဆာက အင်ဂျင်နီယာဟောင်း မာ့ခ်ရိုဘာက လက်ထဲမှာရှိနေတဲ့ ပိုးမွှားတွေကို မြင်သာစေမယ့် ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ပါတယ်။

၎င်းဗီဒီယိုထဲမှာတော့ လက်ကို Glo Germ ပေါင်ဒါသုတ်လိမ်းလိုက်ရာမှာ UV အလင်းအောက်ရောက်တဲ့အခါမှာတော့ လက်ဟာ မီးလင်းသွားတာကို တွေ့ရမှာဖြစ်ပါတယ်။  အဆိုပါမီးလင်းပေါင်ဒါမုန့်ကို ဆရာတစ်ယောက်မှာ သုတ်လိမ်းခိုင်းပြီး အတန်းထဲက ကျောင်းသူကျောင်းသားတွေကို လက်ဆွဲနှုတ်ဆက်စေပါတယ်။

READ
ရုပ်ရှင်ရုံထဲမှာမိသားစုလိုက်Selfieရိုက်ရာမှ ဓာတ်ပုံထဲတွင်သရဲပုံပါဝင်လာ

ထို့နောက် မီးအရောင်ထဲမှာ ပြန်စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဆရာ့လက်က ပေါင်ဒါမုန့်တွေဟာ ကျောင်းသူကျောင်းသားတွေဆီ ကူးစက်သွားပြီး ကျောင်းသူကျောင်းသားတွေကနေ တဖန် စာရေးကိရိယာပစ္စည်းတွေအပေါ် ကူးစက်သွားတာကို တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ ပေါင်ဒါတွေနည်းတူ ဗိုင်းရပ်စ်ဟာလည်း အလားတူသဘောမျိုးဖြစ်တယ်ဆိုတာကို ဒီဗီဒီယိုဖိုင်က ဖော်ပြလိုတာပါ။

ဒီဗီဒီယိုကိုကြည့်ရင်တော့ ဗိုင်းရစ်ပ်ဟာ ဒီနည်းအားဖြင့် လူတွေအသုံးပြုတဲ့ ဖုန်းတွေ၊ စားပွဲခုံတွေနဲ့ မျက်နှာတွေပေါ်ကို ဘယ်လိုကူးစက်တယ်ဆိုတာ သိနိုင်ပါတယ်။ လူတွေကတော့ ဒီစမ်းသပ်ချက်ဟာ ဗဟုသုတရတဲ့အတွက် မိဘတွေဟာ ၄င်းတို့ရဲ့ကလေးတွေကို ပြသနေကြကြောင်းလည်း storypick သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE