ကမ္ဘာသစ်လို့ ယူဆရတဲ့ ဂြိုဟ်တစ်လုံးကို နာဆာက ရှာဖွေတွေ့ရှိ

နာဆာက အလုပ်သင် ၂ ယောက်နဲ့ အာကာသသိပ္ပံပညာရှင်တစ်ဦးတို့ဟာ နာဆာက လွှတ်တင်ထားတဲ့ Kepler တယ်လီစကုပ်ကြီးကို အသုံးပြုပြီး ဂြိုဟ်အသစ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်။

K2-288Bb လို့ နာမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးထက် ၂ ဆခန့် ကြီးမားပါတယ်။ ကမ္ဘာနဲ့ ဆင်တူတဲ့ အဆိုပါဂြိုဟ်ကြီးဟာ နေအဖွဲ့အစည်းပြင်ပက ကြယ်စုထဲမှာ တည်ရှိပြီး ကမ္ဘာလိုပဲ သက်ရှိများ နေထိုင်နိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

ဂြိုဟ်ကြီးက Taurus ကြယ်စုထဲမှာ ပါဝင်ပြီး မြေကမ္ဘာနဲ့ အလင်းနှစ်ပေါင်း ၂၂၆ နှစ် ကွာဝေးတဲ့အတွက် ဒီကမ္ဘာပေါ်က သက်ရှိတွေတော့ မသွားရောက်နိုင်သေးတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ နာဆာကတော့ အဆိုပါဂြိုဟ်ဟာ ကျောက်သားသက်သက် ဖွဲ့စည်းထားတာ ဖြစ်နိုင်သလို နက်ပ်ကျွန်းဂြိုဟ်လို ဓာတ်ငွေ့တွေနဲ့ ဖုံးနေတဲ့ ဂြိုဟ်တစ်လုံးလည်း ဖြစ်နိုင်ကြောင်း ယူဆထားပါတယ်။

AP

“နေအဖွဲ့အစည်းပြင်ပမှာ ဒီလိုအရွယ်အစား ဒီလိုဂြိုဟ်ပတ်လမ်းနဲ့ ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိမှုဟာ အင်မတန်မှ ထူးခြားပါတယ်။” ချီကာဂိုတက္ကသိုလ်က ကျောင်းသားတစ်ယောက်က အာကသာသိပ္ပံပညာ စာစောင် The Astronomical Journal မှာ K2-288Bb ဂြိုဟ်အကြောင်းကို ရေးသားခဲ့စဉ် ဖော်ပြထားခဲ့တာပါ။

READ
တရုတ်အာကာသယာဉ် သြစတေးလျကို ရက်ပိုင်းမှာပင် ၀င်တိုက်နိုင်ခြေရှိဟု ခန့်မှန်းထား

K2-288Bb ဂြိုဟ်ဟာ ၅.၁ ဘီလီယံမိုင် ကွာဝေးတဲ့ ကြယ်ကြီး ၂ လုံးပါဝင်တဲ့ K2-288 ကြယ်စုအတွင်း တည်ရှိပါတယ်။ ကြယ် ၂ လုံးရဲ့ ထိုအကွာအဝေးဟာ စေတန်ဂြိုဟ်နဲ့ နေတို့ကြားက အကွာအဝေးထက် ၆ ဆ ကြီးမားပါတယ်။ ထိုကြယ်ကြီး ၂ လုံးထဲမှ ပိုတောက်ပတဲ့ ကြယ်က နေအရွယ်အစားရဲ့ တစ်ဝက်ရှိပြီး နောက်ကြယ်တစ်လုံးက နေရဲ့ သုံးပုံတစ်ပုံ အရွယ် ရှိပါတယ်။ K2-288Bb ဂြိုဟ်က အရောင်ပိုမှိန်တဲ့ ကြယ်ကို ပတ်နေတာဖြစ်ပြီး ၃၁ ရက်တိုင်း တစ်ပတ်ပြည့်ပါတယ်။

NASA

အဆိုပါဂြိုဟ်ကို Kepler ရဲ့ K2 မစ်ရှင် မှတ်တမ်းများမှ ၂၀၁၇ မှာ စတွေ့ရှိခဲ့တာပါ။ နာဆာရဲ့ အလုပ်သင် ၂ ယောက်ဖြစ်တဲ့ Feinstein Bristow ၊ Makennah Bristow နဲ့ အာကာသသိပ္ပံပညာရှင် Joshua Schlieder တို့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Kepler’s K2 မစ်ရှင်ရဲ့ စတုတ္ထမြောက် ကမ်ပိန်က ဒေတာတွေကို လေ့လာခဲ့ကြရာ K2-288Bb ဂြိုဟ်က ဂြိုဟ်ပတ်လမ်းပေါ်မှာ ကြယ်ကို ပတ်နေခဲ့တာ ၂ ကြိမ် တွေ့ခဲ့တယ်ဆိုတာ သိခဲ့ကြရပါတယ်။ တတိယအကြိမ်မြောက် တွေ့ရှိခြင်းတော့ မှတ်တမ်းများထဲ မပါခဲ့ပေမယ့် တကယ်တော့ သိပ္ပံပညာရှင်တွေကို အဆိုပါဂြိုဟ်ကို ဆက်မှတ်တမ်းမတင်ထားခဲ့ကြတာ ဖြစ်နေပါတယ်။

READ
မြေကြီးမှာလျှောက်တူးဆော့ရင်း အလွန်အဖိုးတန်တဲ့အရာတစ်ခုကိုတွေ့ခဲ့တဲ့ကလေးမလေး

၂၀၁၇ မေလမှာတော့ K2-288Bb ဂြိုဟ်က ကြယ်ကြီးကို ပတ်နေခဲ့တာ တတိယအကြိမ်မြောက် တွေ့ခဲ့ကြပါတယ်။ အခုဆိုရင်တော့ နာဆာက ၎င်းဂြိုဟ်နဲ့ ပတ်သက်လို့ လေ့လာမှုတွေ ဆက်လုပ်နေပြီဖြစ်တယ်လို့ Dailymail သတင်းဌာနက ဖော်ပြထားပါတယ်။

Ref: Dailymail, Humanity World

SHARE