ပင့်ကူတွေကို မူးယစ်ဆေးတွေ တိုက်ပြီး ထူးထူးဆန်းဆန်း သုတေသနပြုခဲ့တဲ့ NASA

Image by skeeze from Pixabay

ပင့်ကူတွေကို မူးယစ်ဆေးတိုက်တယ်ဆိုတာ စဉ်းစားကြည့်ရင်တော်တော် ရူးကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရူးကြောင်ကြောင်လုပ်ရပ်ကို NASA က 1995 မှာသုတေသနလုပ်ခဲ့ပြီး အခုမှ ဖော်ထုတ်ပြောကြားခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့တာပါ။

ဒီသုတေသနမှာ အဓိကက ပင့်ကူတွေကို မတူညီတဲ့ မူးယစ်ဆေး အမျိုးမျိုး တိုက်ပြီး သူတို့ဒါကို ဘယ်လိုတုန့်ပြန်တယ်ဆိုတာ သူတို့ရဲ့ ပင့်ကူအိမ် ဆောက်လုပ်ပုံပေါ်ကိုအခြေခံပြီးလေ့လာခဲ့ကြတာပါ။

ပင့်ကူတွေ ကိုပေးလိုက်တဲ့ မူးယစ်ဆေးရဲ့ အပြင်း၊ အပျော့ပေါ်မူတည်ပြီး ပင့်ကူအိမ်တွေရဲ့ ဖွဲ့စည်းပုံတွေကလည်းပြောင်းလဲသွားတာကို NASA ကတွေ့ရှိခဲ့ကြပါတယ်။

ပထမစမ်းသပ်မှုအနေနဲ့ LSD နဲ့ပင့်ကူတွေကိုစမ်းသပ်ခဲ့တာပါ LSD ဆိုတာကတော့ UK မှာ Class A သတ်မှတ်ထားတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး လက်ဝယ်တွေ့ရှိရင်တော့ ထောင်ခုနှစ်နှစ်ထိချ မှတ်နိုင်ပါတယ်။ ပုံမှာမြင်တွေ့ရတာကတော့ LSD သုံးစွဲထားတဲ့ ပင့်ကူရဲ့ ပင့်ကူအိမ်ပဲ ဖြစ်ပါတယ်။

READ
နိုင်ငံအသီးသီးရဲ့တရားစီရင်ရေးအရ အဓမ္မသမားတွေကို အပြစ်ပေးပုံအမျိုးအမျိုး
Nasa

ဒုတိယတစ်ခုအနေနဲ့ marijuana (Weed) နဲ့စမ်းသပ်ခဲ့ပါတယ်။ weed သုံးထားတဲ့ ပင့်ကူက သူ့ပင့်ကူအိမ်ကိုအပြီးထိအောင် မဆောက်သွားပဲပစ်ထားခဲ့ကြတယ်လို့ သုတေသနပညာရှင်ကဆိုပါတယ်။ ပုံမှာသူဘယ်လိုပစ်သွားလဲဆိုတာတွေ့နိုင်ပါတယ်။တတိယ အနေနဲ့ chloral hydrate အိပ်ဆေး နဲ့ လည်းစမ်းသပ်ခဲ့ကြပါတယ်။ ဒီစမ်းသပ်မှုမှာ ဆေးခြောက်သုံးထားတဲ့ ပင့်ကူထက် အိပ်ဆေးသုံးထားတဲ့ပင့်ကူက ပိုမြန်မြန် ထိရောက်မှုရှိတာကိုတွေ့ခဲ့ရပါတယ်။ ပုံမှာ အိပ်ဆေးသုံးထားတဲ့ပင့်ကူရဲ့ ဖြစ်ကတတ်စမ်းဆောက်လုပ်ထားတာကိုတွေ့နိုင်ပါတယ်။

Nasa
Nasa

စတုတ္ထ တစ်ခုကိုတော့ Caffeine နဲ့စမ်းသပ်ခဲ့ကြပါတယ်။ ကော်ဖီတစ်ခွက် ကလူတွေအပေါ်လန်းဆန်းစေပေမယ့်လည်း ပင့်ကူတွေမှာတော့တော်တော်လေး ကမောက်ကမတွေဖြစ်ကုန်ကြတာကိုတွေ့ရပါတယ်။ ပုံမှာ ဖရိုဖရဲဖြစ်နေတဲ့ပင့်ကူအိမ်ကိုတွေ့နိုင်ပါတယ်။

Nasa
Nasa

နောက်ဆုံးတစ်ခုကိုတော့ ဖန်ဆီဒိုင်းလို့လူသိများတဲ့ Benzedrine နဲ့ စမ်းသပ်ခဲ့တာပါ။ ပုံမှာ အစီအစဉ်တကျမရှိ ပြန့်ကျဲနေတဲ့ ပုံစံနဲ့ ဆောက်ထားတဲ့ ပင့်ကူအိမ်ကတော့ Benzedrine သုံးစွဲထားတဲ့ပင့်ကူရဲ့ Idea ပဲဖြစ်ပါတယ်။

READ
ဆန်းကြယ်လှတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံများ

ဒီအချက်တွေကိုကြည့်လိုက်ရင်လူတွေလိုပဲ အင်းဆက်တွေမှာ လည်း မူးယစ်ဆေးဝါး effect သက်ရောက်မှုရှိတာကိုသိနိုင်ပါတယ်။

Lwin Min

SHARE