လ ကို BTS’s Jin လည်း ပိုင်ပါတယ်လို့ ပြောလိုက်တဲ့ NASA

IG/kevinjdebruin

Army တွေအတွက်တော့ ကိုယ့်ရဲ့ idol တွေအတွက် ဝမ်းသာစရာ အဖြစ်မျိုး ကြုံခဲ့ကြပါတယ်လို့ allkpop ကနေ BTS နဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာတော့ NASA က BTS ပရိသတ်တစ်ယောက်ကို တုံ့ပြန်စာလေး ရေးထားခဲ့တာကို ပရိသတ်တွေကြား ပြန့်နှံ့သွားခဲ့ပါတယ်။ ပရိသတ်ကတော့ NASA ကို Mention ခေါ်ထားပြီး ပိုစ့်တစ်ခုကို တင်ထားခဲ့တာပါ။ သူကတော့ BTS ကို အရမ်းကို ကြိုက်နှစ်သက်သလို သူတို့က သူ့ကို ပျော်ရွှင်စေတဲ့ အကြောင်းအရင်းပဲလို့ ပြောရင်းနဲ့ BTS’s Jin အတွက် လ ကိုတောင် ပေးချင်မိတယ်လို့ ရေးသားထားခဲ့တာပါ။

ဒီပိုစ့်ကို NASA က သတိတရ ဖြေပေးခဲ့ပါတယ်။ လကို အားလုံး ပိုင်ပါတယ်။ Seokjin လည်း ပိုင်ပါတယ်လို့ ဖြေပေးသွားတာပါ။ ဒီလို တုံ့ပြန်မှုခဲ့ကြောင်းကို twitter တွင်မက weverse မှာပါ ပြန့်နှံ့နေလျက် ရှိပြီး ပရိသတ်တွေက အရမ်း ပျော်ရွှင်နေကြပါတယ်။

ဒါက BTS နဲ့ NASA တို့ကြားက အပြန်အလှန် အသိအမှတ်ပြုကြကြောင်း သက်သေတစ်ခုပါပဲ။ ဒီလိုမျိုးက ပထမဆုံး အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ Johnson Space Center ကနေ ပြုလုပ်ထားတဲ့ A Journey to the Moon ဆိုတဲ့ Playlist မှာ BTS ရဲ့ သီချင်းတွေလည်း ပါဝင်နေပါတယ်။ BTS ရဲ့ သီချင်းတွေ ဖြစ်တဲ့ “Moonchild”, “Mikrokosmos”နဲ့ “134340”  တို့ ပါဝင်ခဲ့တာပါ။

READ
ပရိသတ်တွေသဘောကျနေတဲ့ ကိုရီးယားမင်းသမီးလေးနဲ့ ပိုင်တံခွန်တို့ရဲ့ ချစ်စရာပုံရိပ်လေးတွေ

Kham

SHARE