Mighty Thor အဖြစ် သရုပ်ဆောင်ဖို့ အရမ်းစိတ်လှုပ်ရှားနေပြီဆိုတဲ့ Natalie Portman

[email protected] superheroes._.united [email protected] natalieportman

Marvel ပရိသတ်တွေနဲ့ စူပါဟီးရိုး ပရိသတ်တော်တော်များများကတော့ Thor ဇာတ်ကောင်ကို ရင်းနှီးပြီးကြမယ်ထင်ပါတယ်။ ဒါပေမယ့် Mighty Thor အဖြစ် သရုပ်ဆောင်မယ်Hollywood ရဲ့ နာမည်ကြီးမင်းသမီး Natalie Portman ကိုတော့ စူပါဟီးရိုး ပရိသတ်တော်တော်များများ သိကြမှာ မဟုတ်သေးပါဘူး။ အခုလည်း Natalie ဟာ မကြာခင်မှာ ရိုက်ကူးတော့မယ့် Thor: Love and Thunder ဇာတ်ကားထဲက Mighty Thor နေရာမှာ သရုပ်ဆောင်ဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CDIK5XhFGpB/

Marvel Studio က ထုတ်လုပ်မယ့် Thor: Love and Thunder ဇာတ်ကားဟာ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါအခြေအနေကြောင့် စတင်ရိုက်ကူးမယ့်အချိန်ဟာ မျှော်မှန်းထားတာထက်လည်း နောက်ကျနိုင်ကြောင်း သိရပါတယ်။

အမှန်တစ်ကယ်တော့ Mighty Thor ဇာတ်ကောင်ဟာ အစကတည်းက Comics စာအုပ်တွေထဲမှာ ရှိနေခဲ့တာဖြစ်ပြီး အခုမှသာ Mighty Thor အကြောင်း စတင် ရိုက်ကူးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဇာတ်လမ်းဇာတ်ညွှန်းတွေကို တရားဝင်ဖော်ပြထားခြင်း မရှိပေမယ့် Thor: Love and Thunder ဇာတ်ကားထဲမှာ Natalie အကြိုက်ဆုံးဇာတ်ကောင်ကတော့ Valkyrie အဖြစ် သရုပ်ဆောင်တဲ့ Tessa Thompson ဖြစ်ကြောင်း သိရပါတယ်။

“လက်ရှိမှာတော့ ရိုက်ကူးရေးက မစသေးပါဘူး။ ကျွန်မလဲ တော်တော်စိတ်လှုပ်ရှားနေပါတယ်။ COVID 19 ဖြစ်ပွားနေတဲ့ အခြေအနေအရ စတင်ရိုက်ကူးမယ့်နေ့က နောက်ဆုတ်သွားနိုင်ပါတယ်။ ကျိန်းသေတာကတော့ Thor တူကို ကိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာပါပဲ။ ပရိသတ်တွေ မျှောင်လင့်ထားတာထက် ပိုကောင်းတဲ့ ပုံစံမျိုးကို ကျွန်မကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ” လို့ Natalie က သူမရဲ့ Instagram Live ကနေတစ်ဆင့် ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

READ
Shower Gel ကြော်ငြာရိုက်ကွင်းပုံရိပ်တွေကို သင်ဇာဝင့်ကျော် ဝေမျှ

 

Pyi Hein Kyaw

SHARE