လက်မောင်းကြွက်သားတစ်ဖုထွက်လာဖို့ အမျိုးသားတွေတောင် မနည်းကြိုးစားဆော့နေရတဲ့ခေတ်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်က တစ်ကိုယ်လုံးနေရာမလပ် ကြွက်သားအဖုအထစ်တွေ ပိုင်ဆိုင်ထားတယ်ဆိုတာ တော်တော်လေး ဆန်းကြယ်လှတဲ့ ကိစ္စရပ်တစ်ခုပါပဲ။
သူမကတော့ ရုရှားသူလေးပါ။ အသက် ၂၈ နှစ်ရှိနေပြီဖြစ်တဲ့ Nataliya Kuznetsova ပဲဖြစ်ပါတယ်။ ကာယဗလလောကထဲကို စတင်ဝင်ရောက်လာခဲ့တာကတော့ သူမရဲ့ဖခင်ကြောင့်ပါပဲ။ ဖခင်ရဲ့ကွပ်ကဲမှုကြောင့်ပဲ အသက် ၁၄ နှစ်ကတည်းက အာကစားခန်းမတွေဆီသွားပြီး ဂျင်ဆော့ခဲ့ရာမှ ဒီလောကကို စပြီး စိတ်ဝင်စားလာခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ၁ နှစ်လောက်အထိ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ကာ ကာယဗလလောကထဲစတင်ဝင်ရောက်ခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာတော့ Nataliya Kuznetsova ဟာ Zabaykalsky Krai ဆိုတဲ့ ဒေသရဲ့ အငယ်တန်းကာယဗလချန်ပီယံ့ဖြစ်လာခဲ့ပါတယ်။
အဲဒီကနေအခုအရွယ်အထိ တစ်လျှောက်လုံး ကြွက်သားတွေအတွက်ပဲအာရုံထားလာခဲ့ပြီးနောက် အခုအချိန်မှာတော့ Nataliya Kuznetsova ဟာ ယောက်ျားသားတစ်ယောက်ထက်တောင် ပိုသန်မာပြီး လှပတဲ့ ကြွက်သားအဖုအထစ်တွေကို ပိုင်ဆိုင်ထားခဲ့ပါပြီ။



သူမရဲ့လက်ရှိကိုယ်အလေးချိန်ကတော့ ကီလို ၉၀ ဆိုတော့ ပေါင်ချိန်နဲ့တွက်မယ်ဆိုရင် ၁၉၀ နီးပါးလောက်ရှိနေပါပြီ။ ဒါပေမဲ့လည်း တစ်ကိုယ်လုံးဟာ အဆီပိုဆိုလို့ ရှိမနေဘဲ ကြွက်သားတွေဟာဆိုရင်လည်း ညှစ်စရာမလိုဘဲ ဒီအတိုင်းနေရင်တောင်မှပဲ မြင်သာနေခဲ့ပါတယ်။
Nataliya Kuznetsova နဲ့ လက်ရှိတွဲနေတဲ့ ချစ်သူုထက်တောင်မှပဲ Nataliya Kuznetsova ရဲ့ ဗလတွေဟာ တော်တော်လေးကို ကြီးနေခဲ့တာပါ။ ဒါပေမဲ့လည်း ချစ်သူဟာ သူမဘဝအတွက် တော်တော်လေးကို ထောက်ပံ့မှုတွေပေးတဲ့ personal trainer ကောင်းတစ်ယောက်ပါတဲ့။


Penny