Blackpink အဖွဲ့ဝင် Lisa ရဲ့ Fan အကြီးစား ဖြစ်နေတဲ့ နာမည်ကြီး Dota ကစားသမား

[email protected] arteezyarteezy [email protected] lalalalisa_m

နာမည်ကြီး Dota 2 အသင်းကြီးတစ်သင်းဖြစ်တဲ့ Evil Geniuses အသင်းကိုတော့ Dota 2 ဂိမ်းပရိသတ် တော်တော်များများ သိကြမှာပါ။ အဲဒီအသင်းက Carry ကစားသမားတစ်ဦးဖြစ်တဲ့ Arteezy ကိုတော့ မသိတဲ့လူ မရှိသလောက်နီးပါးပါပဲ။ အသက် ၂၄ အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါ Dota 2 ပရောဖက်ရှင်နယ် ကစားဖြစ်တဲ့ Arteezy ဟာ မကြာသေးခင်အချိန်က သူဟာ နာမည်ကြီး Kpop အဖွဲ့ဖြစ်တဲ့ Blackpink မှ အဖွဲ့ဝင် Lisa ရဲ့ ဖန်အကြီးစားတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ပြောခဲ့ကြောင်း One Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အောက်မှာတွေ့ရတဲ့ ပို့စ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က Arteezy ရဲ့ချစ်သူ Dove ကိုယ်တိုင် သူမရဲ့ Twitter မှာ တင်ထားတဲ့ ပို့စ်ဖြစ်ပါတယ်။ ပုံထဲမှာတော့ Arteezy ဟာ Blackpink အဖွဲ့ရဲ့ How You Like That သီချင်းကို cover ပြန်ကထားတဲ့ MTV ကို တစိုက်မတ်မတ် ကြည့်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

Arteezy ဟာ လက်ရှိအချိန်မှာတော့ မကြာခဏသူနားထောင်ဖြစ်နေတဲ့ သီချင်းဟာ Blackpink အဖွဲ့မှ နောက်ဆုံးထွက်ရှိထားတဲ့ How You Like That သီချင်းဖြစ်ပြီး သူ့ရဲ့ Streaming video တော်တော် များများမှာလည်း Blackpink ရဲ့ သီချင်းတွေကို နောက်ခံသီချင်းအဖြစ် အများဆုံး အသုံးပြုလေ့ရှိကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေကလည်း Arteezy ဟာ ဒီလို Stremaing video တွေမှာ 2NE1 နဲ့ Girl’s Day အဖွဲ့တို့ရဲ့ သီချင်းတွေကို နောက်ခံ တေးဂီတအနေနဲ့လည်း အသုံးပြုလေ့ရှိကြောင်း သိရပါတယ်။

READ
တရုတ်မှ မွေးရာပါ မျက်နှာနှစ်ထပ်(မျက်နှာဖုံး)မျက်နှာပိုင်ရှင် သနားစရာကလေးငယ်

“Blackpink အဖွဲ့ထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးက Lisa ပါပဲ။ Lisa ဟာ သီချင်းဆိုတဲ့ နေရာမှာတင်မက ကတဲ့အပိုင်းမှာတွေရော၊ ပင်ကိုယ်ပုံစံလေးရော၊ Personality ရော တော်တော်ကောင်းတဲ့ အနုပညာရှင်တစ်ယောက်လို့ မြင်တယ်။ တစ်နည်းအားဖြင့်ပြောရရင် စွယ်စုံရ အနုပညာရှင်ပေါ့။ အဓိက ကျွန်တော်ကြိုက်ရတဲ့ အကြောင်းအရင်းကတော့ ကတာနဲ့ သီချင်းဆိုတာပါပဲ” လို့ Arteezy က ပြောကြားခဲ့ပါတယ်။

View this post on Instagram

💙

A post shared by LISA (@lalalalisa_m) on

Pyi Hein Kyaw

SHARE