တကယ်ဝိတ်ကျ ချင်စိတ်သာရှိဖို့ပဲ လိုတယ်ဆိုတာကို သက်သေ ပြခဲ့တဲ့ အမျိုးသား

Image:IG/Nathan

အခုနောက်ပိုင်းမှာတော့ body transformation လုပ်တာတွေ က တော်တော်လေး ကို ရေပန်းစားလာပါတယ်။တကယ် ၀ိတ် ကျ ချင်တဲ့ စိတ် သာရှိရင်တော့ ဘယ်လောက်ကြီးပဲ ၀၀ ရအောင်ချ နိုင်တယ်ဆိုတာကိုတော့ လန်ဒန်မှာ ရှိတဲ့ အမျိုးသား တစ်ယောက် က သက် သေ ပြခဲ့ပါတယ်။သူ့နာမည်ကတော့ Nathan Ranklin ဖြစ်ပြီး အသက်က တော့ ၃၀ ပါ။အသက် ငယ်ငယ်တည်းက ၀လာခဲ့တာပါ။သူ့ အသက် ၁၄ နှစ်တုန်းက တောင် ဆရာဝန်က ဒီပုံ အတိုင်းသာ ဆက်သွားရင် အသက် ၃၀ ပြည့် မွေးနေ့တောင် ကျင်းပနိုင်မှာ မဟုတ်ဘူး( အရွယ်မတိုင် ခင် စောစော သေမယ်) လို့ ပြောခဲ့တာပါ။ဒီအကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Nathan Ranklin (@call_me_slender)

အခုမှ ရုတ်တရက် ၀ လာတာမျိုး မဟုတ်ပဲ ငယ်ငယ်တည်းက ၀လာတဲ့ သူတွေ က ၀ိတ်ချ တဲ့ အခါ မှာ ပိုခက်ခဲ တာကို ၀ိတ်ချ ဖို့ ကြိုးစား ဖူး သူတိုင်း သိကြမှာပါ။ Nathan Ranklin က တော့ အဲ့လို လူမျိုးထဲမှာ ပါပါတယ်။သူ့ရဲ့ ကိုယ်အလေး ချိန် က ၃၆ စတုန် နဲ့ ၉ ပေါင် အထိ ရောက်လာတဲ့ အချိန်မှာတော့ ဒီတိုင်းနေလို့ မဖြစ်တော့ဘူး၊တခုခု လုပ်မှ ဖြစ်မယ်ဆိုတာကို နားလည် သွားခဲ့ပါတယ်။အ၀ လွန် လာတာမှ နောက်ဆုံး ခရီးသွားရင်တော့ တစ်ယောက် ထိုင် ခုံ ပဲ ၀ယ်လို့ မရတော့ပဲ ထိုင်ခုံ အပို သာ ၀ယ်နေရတဲ့ သူ့ အဖြစ် ကို သူ မြင် လာခဲ့ပါတယ်။ဒါကြောင့်ပဲ တကယ်ဝိတ်ချ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အခုဆိုရင်တော့ ၁၈ စတုန် နဲ့ ၁၃ ပေါင် အထိ ၀ိတ် ကျ သွား  ခဲ့ ပါပြီ။

 

View this post on Instagram

 

A post shared by Nathan Ranklin (@call_me_slender)

သူကတော့ Cambridge Weight Plan ရဲ့ 1:1 Diet ကို လိုက်နာ ကျင့်သုံး ခဲ့တာပါ။အခုက တော့ အရင်က Nathan နဲ့ လုံးဝ မတူ တော့ တဲ့ Body သစ်နဲ့  Nathan ဖြစ်သွားခဲ့ပါပြီ။အရင်က သူငယ်ချင်းတွေ လုပ် သလို လိုက် မလုပ်နိုင်ခဲ့တဲ့ အရာ တွေ. ပန်းခြံထဲက ခုံမှာ ၀ လွန်းလို့ ထိုင် မရ ဖြစ်ခဲ့တာတွေ၊စက်ဘီးစီးတာတွေ. ဒါမျိုးတွေ ကို အခုတော့ လုပ် နိုင်ခဲ့ပါပြီ။ဝ တဲ့ အပြင်မှာမှ အရက်ပါ အရမ်း သောက် ခဲ့ဖူးတယ်လို့ လည်း သူ့ အကြောင်းကို ထုတ်ပြော ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Nathan Ranklin (@call_me_slender)

View this post on Instagram

A post shared by Nathan Ranklin (@call_me_slender)

#SHWEMOM

SHARE