ဗာဂျီးနီးယား ကောင်းကင်ယံမှာ တွေ့မြင်ရတဲ့ ရှားပါးသဘာဝဖြစ်စဉ်တစ်ခု

facebook/Amy Christie Hunter

အမေရိကန် ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ အမျိုးသမီးတစ်ဦးဟာ လူရေးဆွဲထားတဲ့အလား ပန်းချီကားတစ်ချပ်နဲ့တောင်ဆင်တူနေတဲ့ တိမ်တိုက်တွေကို တွေ့ရှိခဲ့ပါတယ်။ ၄င်းတိမ်တိုက်တွေဟာ အင်္ဂါနေ့ညနေပိုင်းက ဗာဂျီးနီးယားပြည်နယ် စမစ်သ်တောင်တန်းရေကန်အပေါ်မှာ ဖြစ်ပေါ်နေခဲ့တာကို Insider သတင်းက ဖော်ပြထားတာပါ။

Very cool clouds rolling over the mountain tops at Smith Mountain Lake this evening. They are called Kelvin-Helmholtz…

Posted by Amy Christie Hunter on Tuesday, 18 June 2019

တိမ်တွေရဲ့သဏ္ဍာန်ကိုတော့ ထူးထူးဆန်းဆန်းပဲ ရေလှိုင်းတွေလိုမျိုး တွေ့မြင်ခဲ့ရပါတယ်။ လူရဲ့ ပြုပြင်ဖန်တီးမှုမရှိပါပဲနဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တိမ်လှိုင်းတွေဟာ အေမီခရစ္စတီဟန်တာဆိုသူ အမျိုးသမီးရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ တိမ်လှိုင်းတွေဟာ ဗင်းဆင့်ဗန်ဂိုးရဲ့(၁၉၈၉) ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ နာမည်ကျော်ပန်းချီကား “The Starry Night” နဲ့တောင် ခပ်ဆင်ဆင်ရယ်ပါ။

READ
ဗြိတိန်ရဲ့မင်္ဂလာအဆောင်နိုင်ဆုံးအဖိုးအို၊ (၉)ယောက်မြောက်မိန်းမယူဖို့ပြဿ နာတက်နေ
Shutterstock/Freeda

အေမီကတော့ ထူးခြားတဲ့ တိမ်တိုက်တွေကို ဓာတ်ပုံရိုက်ယူပြီး ဒေသခံသတင်းဌာနကို လှမ်းမေးခဲ့ပါတယ်။ ဌာနက ပညာရှင်တစ်ဦးပြောပြတာကတော့ အခုလို တွေ့ရတဲ့ တိမ်တိုက်သဏ္ဍာန်တွေဟာ မြင်ရခဲပြီး တကယ်လို့ တွေ့ရတယ်ဆိုရင်လည်း အခုလောက်ထိ ရေလှိုင်းတွေလို ထင်ထင်ရှားရှားပုံပေါ်တာမျိုး မတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။

၎င်းတိမ်တိုက်တွေကိုတော့ အင်္ဂလိပ်အခေါ်အားဖြင့် Kelvin-Helmholtz တိမ်တိုက်တွေလို ခေါ်ပါတယ်။ ဒီလိုတိမ်တိုက်တွေဟာ အပေါ်ပိုင်းနဲ့ အောက်ပိုင်း လေထုအလွှာနှစ်ခုမှာ လေတိုက်ပုံမတူညီတဲ့အခါ ဖြစ်ပေါ်တတ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE