
Hillier ရေကန်မှာရှိတဲ့ရေတွေဟာ သဘာဝအတိုင်း ပန်းရောင်ဖြစ်နေတယ်ဆိုရင် သင်ယုံပါသလား။ကမ္ဘာကြီးမှာကိုယ်မသိသေးတဲ့ အကြောင်းအရာတွေဟာ အဆန်းတကျယ်ရှိလို့နေပါတယ်။ ဥပမာ bioluminescent plankton ဆိုတဲ့ ပိုးကောင်လေးတွေကြောင့် ညဘက်ဆို မီးလင်းနေတဲ့ Maldives ကမ်းခြေကိုပဲကြည့်။

ဒါပေမဲ့ ဒီအကြောင်းကတော့ စာဖတ်သူတွေလည်း သိပြီးနေလောက်ပြီမို့ အခုဖော်ပြချင်တဲ့ ထူးထူးဆန်းဆန်းရေတွေ ပန်းရောင်သန်းနေတဲ့ ရေကန်လေးကတော့ Hillier ရေကန်ပဲဖြစ်ပါတယ်။

Hillier ရေကန်ဟာ သြစတေးလျနိုင်ငံရဲ့ အနောက်တောင်ကမ်းရိုးတန်းနားမှာ တည်ရှိပါတယ်။ (၁၉၆၈) ပေရှည်လျားပြီး အကျယ်အဝန်း ပေ (၈၂၀) သာရှိပေမယ့် သူ့ရဲ့ထူးခြားချက်ကတော့ ကန်ထဲကရေတွေဟာ ပန်းသွေးရောင်ထနေတာပဲဖြစ်ပါတယ်။
Dunaliella salina microalgae လို့ခေါ်တဲ့ ရေညှိတစ်မျိုး ကန်ထဲမှာရှိနေပြီး အဲဒီရေညှိမှာ carotenoids လို့ခေါ်တဲ့ လိမ္မော်ရောင်၊ အဝါ၊ အနီစတဲ့ ပျော်ဝင်နိုင်တဲ့ အဆီတွေပါတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးတာကြောင့် ကန်ထဲကရေတွေ ပန်းရောင်သန်းနေရတာပဲဖြစ်ပါတယ်။
ဒါဆိုရေက လူတွေနဲ့ ထိတွေ့လို့ရသလားလို့ မေးရင်တော့ အန္တရာယ်ကင်းစွာနဲ့ ရေကူးနိုင်ကြောင်း ပြောပါရစေ။

သြစတေးလျမှာ Hillier ရေကန် အပြင် ရေပန်းရောင်ဖြစ်နေတဲ့ နောက်ထပ် Hutt Lagoon ဆိုတာလည်း ရှိပါသေးတယ်။
(၂၇) စတုရန်းပေကျယ်ဝန်းတဲ့ Hillier ရေကန်ဟာ အမြဲတမ်းတော့ ပန်းရောင်သန်းမနေနိုင်ပါဘူး။ ရာသီဥတုအပေါ်မူတည်ပြီး တစ်ခါတရံအနီရောင် ဒါမှမဟုတ် ခရမ်းရောင်တွေလည်း သန်းလေ့ရှိပါတယ်။

ဒါမှမဟုတ် လုံးဝပန်းရောင်ကြီးပဲကြိုက်တယ်ဆိုရင်တော့ ဘိုလစ်ဗီးယားက်flamingo ငှက်တွေနေထိုင်ကျက်စားရာ ပန်းရောင်ရေကန်တော့ ရှိပါသေးတယ်။ ရေတိမ်တိမ်လေးဖြစ်ပြီး (၂၃) စတုရန်းပေကျယ်ဝန်းတဲ့ ရေကန်ကိုတော့ Andes တောင်တွေနဲ့ ကျောက်စရစ်ခဲထူထပ်တဲ့ ကမ်းစပ်တို့က ဝန်းရံထားပါတယ်။

ကဲ.. နှင်းဆီရောင်သန်းနေတဲ့ ပန်းရောင် Hillier ရေကန် ကိုသွားချင်သွားပြီလား။
Source : Shared
Penny