(၂၀၁၉)ခုနှစ်အတွင်း လူသားတွေကြောင့် ပျက်စီးခဲ့ရတဲ့ သဘာဝအလှတရားများ

Twitter/Vox

ခုနှစ်တွေတစ်ခုပြီးတစ်ခုပြောင်းသွားပေမယ့် လူတွေကြောင့် ပျက်စီးသွားတဲ့ သဘာဝတရားဟာ ဘယ်တော့မှ မပြောင်းလဲပါဘူး။ဒီ၂၀၁၉ခုနှစ်ဟာ ကုန်တော့မှာဖြစ်တာကြောင့် စာရင်းတွေပြန်ကြည့်လိုက်ရင် လူတွေကြောင့်ပျက်စီးသွားတဲ့ သဘာဝတရားတွေဟာလည်း ယခင်နှစ်တွေလို ထူးမခြားနားပါပဲ။လူတွေဖျက်စီးခဲ့ သဘာဝအလှတရားတွေထဲကမှ စဉ်းစားဥာဏ်မဲ့စွာ ပြုလုပ်ခဲ့တဲ့ အကြောင်းအရာ(၅)ခုကို တင်ဆက်ပေးလိုက်ပါတယ်။

(1)Ice landမှာရှိတဲ့ Fjaðrárgljúfur Canyonတောင်ကြားဟာ များစွာသော ခရီးသွားတွေကြောင့် တဖြည်းဖြည်း ပျက်စီးလာပါပြီ

Shutterstock/Blue Planet Studio

“Game of Thrones” ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး season မှာ ပါဝင်တဲ့ ဒီတောင်ကြားကြီးဟာလည်း လူတွေရဲ့ စိတ်ဝင်စားခြင်းကိုခံရပြီး တဖြည်းဖြည်းနဲ့ ပျက်စီးယိုယွင်းလာတာ ဖြစ်ပါတယ်။Justim Bieberမှ သူရဲ့ MTV ဒီတောင်ကြားကြီးထဲမှာ သွားရိုက်ပြီးနောက်ပိုင်းမှာ လည်း စိတ်ဝင်စားမှု အတော်ရခဲ့တာလည်း ဖြစ်ပါတယ်။

(2)သဲကျောက်တုံးပေါ်မှာလည်း ဒီလို ပေါက်ကရတွေ လျှောက်ခြစ်ခဲ့ပါတယ်

Posted by Capitol Reef National Park on Wednesday, June 12, 2019

လူဆိုတဲ့အမျိုးဟာ အဲဒီလို အရည်မရအဖတ်မရ ကိစ္စတွေလုပ်ရတာ တော်တော်ဝါသနာပါတဲ့ ပုံပါပဲ။ အခုလည်း အမေရိကန်နိုင်ငံUtah ပြည်နယ်၊ Capitol Reef National Park ထဲမှာရှိတဲ့ Temple of the Moon ဘုရားကျောင်းက ရှေးဟောင်းကျောက်တုံးတွေပေါ်မှာ  မျက်လုံးပုံ ရေးဆွဲသွားပါတယ်။ အဲဒီဘုရားကျောင်းထဲရှိ ရှေးဟောင်းကျောင်တုံးတွေပေါ်မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိနေပြီး ဒီလိုရေးဆွဲတာကတော့ မသင့်လျော်ပါဘူး။ ဒါတွေကိုပြန်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် မလွယ်ကူတဲ့အတွက်ကြောင့် ဒီအတိုင်းထားလိုက်ရပါတယ်။ တော်တော်အကျဉ်းတန်တဲ့ လုပ်ရပ်တွေပါ။

(3) လာရောက်ကြည့်ရှုသူ (၂) ယောက်ရဲ့ နာမည်ရေးထိုးခြင်းခံခဲ့ရတဲ့ ပြင်သစ်တိရစ္ဆန်ရုံက ကြံ့တစ်ကောင်ရဲ့ အဖြစ်

Posted by Royan News on Monday, August 19, 2019

ဒီအဖြစ်အပျက်လေးကတော့ ပြင်သစ်ရဲ့အနောက်ဖက်ခြမ်းမှာတည်ရှိတဲ့ La Palmyre Zoo ဆိုတဲ့နေရာလေးမှာ ဖစ်ခဲ့တာပါ။ တိရစ္ဆန်ရုံက ပြောပြချက်အရ ကျူးလွန်ခဲ့တဲ့သူတွေဟာ တိရစ္ဆာန်လေးတွေကို အနီးကပ်ကြည့်ရှုလို့ရတဲ့ နေရာကနေ တဆင့် ကြံကလေးရဲ့ ကျောပေါ်မှာ တမင်ကို နာမည်ရေးထိုးခဲ့တယ်လို့ ‌ပြောပါတယ် ။ “Camille” and “Julien” နာမည် ၂ ခုကို ကြံလေးပေါ်မှာရေးထိုးခဲ့တဲ့ပုံကိုလဲ ထို zoo ရဲ့ page မှာထုတ်ဖော်ပြသခဲ့ပါသေးတယ်။တာဝန်ရှိတဲ့သူများ ပြောပြချက်အရ” ဒါဟာ ဆိုးဝါးယုံတင်မက လေးစားမှုမရှိရာလဲ ရောက်လှပါတယ်” ” ဒီလိုမျိုးစည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာပဲ လုပ်ခဲ့တာတွေဟာလဲ တခြားလာရောက်လည်ပတ်သူအပေါ်တွေမှာလဲ ထိခိုက်နစ်နာစေပါတယ်။ကြံကလေးအတွက်ကတော့ ထိုနာမည်ကိုဖျက်ဖို့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရှိပဲ လုပ်လိုက်နိုင်ပေမဲ့ လူသားတွေရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်ကိုတော့ ပြန်ဖျက်လို့ မရတော့ပါဘူး။

(4)သစ်တောပြုန်းတီးခြင်းကြောင့် ယခုနှစ်အတွင်း အကြိမ်ပေါင်းများစွာ တောမီးလောင်သော အမေဇုန်

READ
မျိုးသုဉ်းတော့မယ့် တိရိစ္တာန်စာရင်းထဲ ပထမဆုံးအကြိမ်ပါလာတဲ့ သစ်ကုလားအုတ်လေးများ

ဘရားဇီး မှာကတော့ သစ်တောပြုန်းတီးတာက အလေ့အထ တခုလိုတောင်ဖစ်နေပါပီ။ လယ်သမားများ ၊ လယ်စိုက်မဲ့သူများဟာ လယ်တောကို ရှင်းလင်းဖို့ မဖစ်ထွန်းတော့တဲ့ စပါး၊သစ်သီး စတဲ့အရာတွေကို လွယ်ကူစွာရှင်းလင်းနိုင်ဖို့ မီးရှို့တဲ့ နည်းကို အသုံးပြုကြပါတယ် ။ ဒီလ်ု လုပ်ရင်းကပဲ မထိန်းနိုင်တဲ့အဆုံးတောမီးလောင်ခြင်းဖစ်ပေါ်လာပါတော့တယ်။ဘရားဇီး သမ္မကိုယ်တိုင်ကတော့ ဒီလိုလုပ်ခြင်းဟာ တောမီးလောင်မှုကို လျှော့ချနိုင်တယ်လို့ထင်ပီး လုပ်ခဲ့ပေမဲ့ စတင်လုပ်တဲ့အချိန်ကနေ စပီး အသစ်သော တောမီးလောင်မှု ၄၀၀၀ ကျော်လောက်ထိ တက်လာခဲ့ပါတယ် ။၂၀၁၉ ခုနှစ် နှစ်စကနေ နှစ်လယ်အထိ တောမီးလောင်မှု နှုန်းဟာ ၇၂၀၀၀ ထိရှိလာပီး ဒီနှုန်းဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်းကနေ ၆ နှစ်တာ အတွင်း အများဆုံးဖြစ်လာခဲ့ပါတယ်။

(5)ဩစ‌တြေးလျရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ ခဲနဲ့ထုမှုကြောင့် သေဆုံးသွားရတဲ့ Baby Bear (Or) Wombat လေး

READ
သိပ္ပံပညာရှင်တွေ ခန့််မှန်းထားတဲ့ နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ ကမ္ဘာမြေကြီးရဲ့ပြောင်းလဲမှု
wikmedia commons

ဒီအဖြစ်အပျက်လေး‌ကတော့ Facebook စာမျက်နှာ တခုမှာ တင်ထားတဲ့ video file ထဲမှာ တာဝန်ကျရဲသားတယောက်က Wombat လေးတစ်ကောင်ကိုခဲနဲ့ထုနေခဲ့တာပါ။ အဆိုပါရဲသားကိုလဲဘေးနားကနေ သူ့သူငယ်ချင်းက တခါတည်းသတ်ဖို့ လှုံ့ဆော်နေပါသေးတယ် ။ အပစ်ခံရရှာတဲ့ wogbat လေးလဲ တဖြည်းဖြည်းချင်း လဲကျသွားရှာပါတယ်။ နောက်ပိုင်း သတင်းဌာနတခုရဲ့ ထုတ်ဖော်ပြောချက်အရ အဆိုပါ Baby bear လေးမှာ သေသွားခဲ့ရတယ်လို့ဆိုပါတယ် ။BBC သတင်းဌာနရဲ့ တင်ပြချက်ကြောင့်ဩစ‌တြေးလျရဲအရာရှိ Grant Stevens ကတော့ “ဒီမတော်တဆ ဖြစ်ရပ်ဟာ အင်မတန်မှာ စက်ဆုပ်ရွံရှာဖို့ကောင်းပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE