မြင်သူတကာအကြည့်မလွှဲနိုင်လောက်အောင် လှလွန်းနေတဲ့ နော်ဖောအယ်ထား

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မော်ဒယ်မလေးဖြစ်တဲ့ နော်ဖောအယ်ထားကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးကြောင့် ဖေစ်ဘုတ်ပေါ်မှာ လူသိများလာသူလေးဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ နော်ဖောအယ်ထားကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Myanmar Influencer Award ပွဲကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တရုတ်မင်းသမီးလေး ဂူးဂူးနဲ့ တူတယ်လို့ ပရိသတ်တွေကြားမှာ လူပြောများတဲ့ နော်ဖောအယ်ထားကတော့ ဆွဲဆောင်အပြည့်ရှိလှတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ မြင်သူတစ်ကာ အကြည့်မလွှဲနိုင်လောက်အောင် လှနေလွန်းပါတယ်။

နောဖောအယ်ထားကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Naw Phaw Eh Htar

SHARE