ချစ်သူများနေ့မတိုင်ခင်မှာ ချစ်သူလေးနဲ့ အပြတ်အသတ်ရိုပြလိုက်တဲ့ နေခြည်ဦး

beauty blogger တစ်ယောက်အဖြစ်သာမက အနုပညာရှင်တစ်ယောက်အဖြစ်ပါ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါ ဦးစီးနေတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားကျရတဲ့ အိုင်ဒေါတစ်ယောက်အဖြစ် ဆိုရှယ်မီဒီယာလောကမှာ နာမည်ကျော်တဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ဒီကနေ့မှာ ဓါတ်ပုံအသစ်တွေကို တင်ပေးပြီး သူမရဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးကို ချပြလိုက်ပြန်ပါပြီ။ နေခြည်ဦးကတော့ သူမရဲ့ ချစ်သူနဲ့အတူ ဈေးဝယ်ထွက်နေတဲ့ ဓါတ်ပုံလေးတွေကို ဖေစ်ဘုတ်ပေါ်မှာ ချပြလိုက်တာဖြစ်ပါတယ်။

နေခြည်ဦးကတော့ ချစ်သူများနေ့မတိုင်ခင်မှာ အပြတ်အသတ်ကို ရိုပြလိုက်တာပါပဲနော်။ ဓါတ်ပုံတွေကြည့်ပြီး အားကျနေပြီလား ပရိသတ်ကြီးရေ။

Source : nay Chi oo

SHARE