မွေးနေ့အတွက်ရည်ရွယ်ပြီး သီလရှင်ဝတ်မယ့် Beauty Blogger နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ်လူသိများတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေခြည်ဦးကတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်မှာဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ မွေးနေ့အတွက် အလှူတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ဖေစ်ဘုတ်ပေါ်မှာလည်း ဓါတ်ပုံတွေကို မျှဝေပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့ မွေးနေ့နဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို အသိပေးလာတာဖြစ်ပါတယ်။ နေခြည်ဦးကတော့ ၂၇ နှစ်မြောက် မွေးနေ့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာမယ်သီလရှင် ဝတ်မယ့်အကြောင်းကို ပရိသတ်တွေကို မျှဝေလာတာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတော့ BeautybyNaychi ရဲ့ နှစ်ပတ်လည်နေ့လေးလည်းဖြစ်တယ်လို့ သိရပါတယ်။ နေခြည်ဦးရဲ့ ပရိသတ်တွေကတော့ အရမ်းကို ပီတိဖြစ်ပြီး ဝမ်းသာနေကြပါတယ်။

READ
လိင်တူ ချစ်သူတွေဘက်ကနေ ရပ်တည်ပြောဆိုလိုက်တဲ့ ဧငြိမ်းဖြူ

SOurce: Nay Chi Oo

SHARE