ကျောင်းသူဘဝတုန်းက စိတ်ကူးယဉ်ခဲ့ရတာလေးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ေ်နတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ပါတယ်။ သူမကတော့ သူမရဲ့ ကိုယ်ပိုင်လုပ်ငန်းကိုလည်း တည်ထောင်ပြီး အောင်မြင်မှုတွေ ရရှိနေတဲ့သူဖြစ်ပါတယ်။

လတ်တလောကမှ VIVO ရဲ့ brand ambassador အဖြစ် ခန့်အပ်ခံရတဲ့ သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ဒီကနေ့မှာ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကျောင်းသူဘဝက စိတ်ကူးယဉ်ခဲ့ရတာလေး အမှန်တကယ်ဖြစ်လာတဲ့အကြောင်းကို ပြောပြလာတာဖြစ်ပါတယ်။ နေခြည်ဦးကတော့ “ကမာရွတ်သူတစ်ယောက်ဆိုတော့ TTC ကျောင်းတက်ထဲက
ဒီအဝိုင်းပတ်တိုင်း ငါလဲတစ်နေ့ ငါ့ပုံလေး ဒီဦးဝိဇာရအဝိုင်းကြော်ငြာဘုတ်တွေမှာ တွေ့ချင်လိုက်တာလို့ အမြဲစိတ်ကူးယဉ်ခဲ့ရတာ။ဒီနေ့တော့ Vivo ကတင်ထားတဲ့ပုံလေးတွေ့လိုက်ရတဲ့အချိန်ကလေးတစ်ယောက်လိုပျော်ပြီး ငိုမိတယ်။ 😭😭😭🌶သူများတွေအတွက်တော့ vivo ကြော်ငြာဘေဘုတ်လေးပါနေခြည့်အတွက်တော့ 2019 ရဲ့ မေ့လို့မရတဲ့မှတ်တိုင်ပေါ့။ Chillies တွေနားလည်မယ်လို့ အပြည့်ယုံကြည်တယ်။” လို့ရေးပြီး တင်ထားတာဖြစ်ပါတယ်။

နေခြည်ဦးကတော့ ဝေဖန်ပြောဆိုမှုတွေကြားမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ချီလီလေးတွေကလည်း နေခြည်ဦးရဲ့ အောင်မြင်မှုတွေအတွက် အရမ်းကို ဝမ်းသာပီတိဖြစ်နေကြပါတယ်။

READ
တင်ပါးပေါ်က တက်တူးကို ထုတ်ပြလိုက်တဲ့ Clara Lee

SOurce: Nay CHi Oo

SHARE