ငယ်ငယ်တုန်းက ဓါတ်ပုံလေးတွေကို ပရိသတ်တွေကို မျှဝေလိုက်တဲ့ နေခြည်ဦး

beauty blogger တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သူမကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပွင့်လင်းတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ဝေဖန်သူတွေရဲ့ ပြောဆိုမှုတွေကို မကြာခဏဆိုသလို ခံရလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ နေခြည်ဦးကတော့ ဒီကနေ့မှာ ဖေစ်ဘုတ်ပေါ်က ပရိသတ်တွေအတွက် သူမရဲ့ ငယ်စဉ်ဘဝက ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

နေခြည်ဦးကတော့ “ငယ်ငယ်တုန်းက” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သွက်လက်ပြီး ချစ်စရာကောင်းတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ နေခြည်ဦရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
ဇွဲကပင်တောင်ခြေမှာ Yoga လေ့ကျင့်ခဲ့တဲ့ ယွန်းယွန်း

Source: nay chi oo

SHARE