မျက်နာခွဲစိတ်ပြုပြင်မှု ပြုလုပ်ပြီးစီးသွားပြီဖြစ်တဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ်သာမက အနုပညာရှင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားပြီး မိန်းကလေးပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ဆယ်လီတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ဇူလိုင်လ (၉) ရက်နေ့ကတည်းက ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ မျက်ရစ်နဲ့ နှာခေါင်းကို ပလတ်စတစ်ဆာဂျရီလုပ်ဖို့အတွက် ကိုရီးယားနိုင်ငံကို သူမရဲ့ မိခင်နဲ့အတူ သွားရောက်ခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးကတော့ ကိုရီးယားကို မသွားခင်ကတည်းက ပရိသတ်တွေကို သူမ ပလတ်စတစ်ဆာဂျရီလုပ်မယ့်အကြောင်းကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့မှာပဲ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုပြီးစီးခဲ့တဲ့ နေခြည်ဦးကတော့ ဒီကနေ့မှာ ပရိသတ်တွေအတွက် သူမရဲ့ ခွဲစိတ်ထားတဲ့ မျက်နာဓါတ်ပုံလေးကို အင်စတာဂရမ်ပေါ်မှာ တင်ပေးထားပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ ခွဲစိတ်မှုကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံလေးကို တင်ထားပေးတာဖြစ်ပါတယ်။ နေခြည်ဦး တစ်ယောက် ခွဲစိတ်ထားတဲ့နေရာတွေ အမြန်ဆုံးသက်သာပြီး အဆင်ပြေပြေနဲ့ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော်.. ချီလီတို့ရေ…။

READ
ပုရိသတွေကို ရူးခါသွားစေတဲ့ Kardashian-Jenner ညီအစ်မတွေရဲ့ အတွင်းခံကြော်ငြာ

Source: Nay Chi Oo

SHARE