သာသနာဘောင်ကို ခေတ္တဝင်ရောက်သွားပြီဖြစ်တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုလေး

beauty blogger တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝ ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိထားတဲ့သူတစ်ယောက်ပါ။သူမကတော့ ပြီးခဲ့တဲ့လ အသက်၂၇ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

 

နေခြည်ဦးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့ပွဲအတွက် ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာတော့ သာသနာဘောင်ကို ခေတ္တဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ နေခြည်ဦးကတော့ သစ်တံခါးဆရာတော်ကျောင်းတိုက်မှာ သီလရှင်ဝတ်သွားခဲ့တာဖြစ်ပါတယ်။

သီလရှင်တစ်ပါးအဖြစ် မြင်တွေ့ရတဲ့ နေခြည်ဦးကတော့ အရမ်းကို အေးချမ်းလွန်းပါတယ်။ သီလရှင်ဝတ်နေတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တွေကို ဓါတ်ပုံဆရာညာဏက သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ နေခြည်ဦးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက်လည်း ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ဇူလိုင်လထဲမှာ အွန်လိုင်းကနေ သီချင်းသစ်တစ်ပုဒ် ဖြန့်ချီမယ့် ၀ိုင်းလေး

https://www.facebook.com/photonyarna/videos/2218424098215767/?t=12

SOurce: Nay CHi oo

 

 

SHARE