အနက်ရောင်ဖက်ရှင်လေးနဲ့ အရမ်းကို လိုက်ဖက်နေတဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများလာသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီဖြစ်တဲ့ နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း “အခမ်းနားဆုံးမေတ္တာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုးနဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ဖေစ်ဘုတ်ကနေ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ အနက်ရောင် ပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်ပြီး လှလွန်းနေတဲ့ နေခြည်ဦးကတော့ “သူ့အပြုံးလေးတွေ မြင်တာနဲ့ကို
အလိုလို ပြုံးချင်လာတယ်…” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

နေခြည်ဦးကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source: Nay CHi Oo

SHARE