“နှင်းနွေ” အဖြစ်ပရိသတ်ရင်ထဲကို ပြန်ရောက်လာတဲ့ နေခြည်ရွှန်းလက်

ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာတဲ့ သရုပ်ဆောင်တွေထဲမှာ နေခြည်ရွှန်းလဲ့ကလည်း တစ်ယောက် အပါအ၀င်ပါ။ အရင်တုန်းက ပရိသတ်တွေကို ဂွမ်းနု ဆိုတဲ့ ဇာတ်ကောင်နဲ့  ဖမ်းစားခဲ့သူပါ။ပုဂံမြို့သူ ဇာတ်ကားထဲက ဂွမ်းနု ဇာတ်ေ ကာင်နဲ့ ပရိသတ်အားေ ပးမှုကို ရထားတဲ့ နေခြည်ရွှန်းလဲ့ ကတော့ အခုဆိုရင် နှင်းနွေ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသ တ်တွေကို ထပ်ပြီး ဖမ်းစား လိုက်ပြန်ပါတယ်။သူမပါဝင်ထားတဲ့ လက်ရှိပြသနေတဲ့ ဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်း မှာမာန”  ပါ။

ဒီဇာတ်ကားလေးကတော့ စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထုကို ဇာတ်လမ်းတွဲ အဖြစ် ပြန် လည် ရိုက်ကူး ထားတာပါ။ ဒါရိုက်တာကတော့ ပြည်သစ်နိုင်ပါ။သရုပ်ဆောင်တွေ အနေနဲ့ကတော့ အောင်မင်းခန့်၊ထက်မြက်၊ကောင်း ဆက်နိုင်၊ဖြိုးရာဇာနိုင်၊နေခြည်ရွှန်းလက်၊ ဂရိတ် ချမ်း၊၀ိုင်းရွှေရည်၊ဖြိုးသံသာချို၊ဇင်ဝိုင်း၊ညီနန္ဒ၊ခိုင်နှင်းဝေ၊ပွင့်နီဒီမောင်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင် ထားပါ တယ်။အောင်မင်းခန့်နဲ့ နေခြည်ရွှန်းလက် တို့ကတော့ အဓိက သရုပ်ေ ဆာင်တွေ အဖြစ်ပါဝင်ထားပါတယ်။

READ
နောက်ထပ် ဟန်းနီးမွန်း ဓါတ်ပုံ တင်လိုက်တဲ့ ဆောင်းဟေကို

နေခြည်ရွှန်းလက်ကတော့ ဒီဇာတ်ကားမှာ နှင်းနွေ ဆိုတဲ့ တက္ကသိုလ်ဆရာမလေးအဖြစ် သရုပ်ဆောင်ထားပါတယ် ။တော်ရုံယောက်ျားကို အထင်မကြီးတဲ့ ထက်မြက်တဲ့ စွာတေးလန်လေး နှင်းနွေ အဖြစ် တွေ့ရမှာပါ။အရင် ဂွမ်း နု ဇာတ်ကောင်မှာတော့ ရိုးရိုးအေးအေးကောင်မလေးအဖြစ် သရုပ်ဆောင်ခဲ့တာမို့ နှင်းနွေ ဇာတ်ကောင်ကတော့ သူမအ တွက် အရင်နဲ့ မတူတဲ့ ဇာတ်ကောင်ပုံစံမျိုးပါ။

❝မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန❞ ဇာတ်လမ်းတွဲကို တနင်္လာနေ့မှသောကြာနေ့အထိ MRTV 4 မှာ ည (၇)နာရီအချိန်မှာ ပုံမှန် ထုတ်လွှင့် ပြသ ပေးနေပါတယ်။

Source နေခြည်ရွှန်းလဲ့

SHARE