“ကျားနဲ့ဆင်”ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွေ့ရမယ့် နေထက်လင်းနဲ့ နေတိုး

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဝါရင့် အနုပညာရှင် အက်ရှင်မင်းသားကြီး နေထက်လင်းနဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားနေတိုးတို့ကိုတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ အတူတွဲပြီးမြင်တွေ့ရတော့မှာပါ။ ဆရာ၊တပည့်တွေဖြစ်ကြတဲ့ နေထက်လင်းနဲ့ နေတိုးတို့ကတော့ “ကျားနဲ့ဆင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စတီးက ရိုက်ကူးမှာဖြစ်ပြီး ထွန်းထွန်း၊အေးမြတ်သူ၊ ရွှေသမီးနဲ့ လေပြေသွေးတို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ကျားနဲ့ဆင်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မိတ်ဆက်ပွဲကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့က Rose Garden ဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

အရင်ကအတိုင်းပဲ ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နဲ့ တွေ့ရတဲ့ နေထက်လင်းနဲ့ နေတိုးတို့ ဆရာတပည့်နှစ်ယောက်ရဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ “ကျားနဲ့ဆင်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စောင့်မျှော်ကြည့်ရှုအားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
မွေးနေ့အမှတ်တရအဖြစ် ဟော့ပေါ့ ဆိုင်ခွဲဖွင့်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း

SOurce: Nay Toe

SHARE