ဘေးမဲ့ပေးထားတယ်ဆိုတဲ့ ဝေဖန်မှုကို အရမ်းကျေနပ်တယ်လို့ဆိုလာတဲ့ နေထူးနိုင်

ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသား နေထူးနိုင်ကတော့ ဗီဒီယိုဇာတ်ကားတွေကို ဆန်းသစ်စွာ ရိုက်ကူးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ သူရဲ့ ဗီဒီယိုဇာတ်ကားတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေသူတစ်ဦးဖြစ်သလို ဝေဖန်မှုတွေကိုလည်း ခံရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တစ်ယောက်ကတော့ နေထူးနိုင်ရဲ့ ဗီဒီယို ဇာတ်ကားတွေနဲ့ ပတ်သတ်ပြီး အခုလို ဝေဖန်လာတာဖြစ်ပါတယ်။

နေထူးနိုင်ရဲ့ ဇာတ်ကားတွေဟာ အဆိပ်သင့်စေတဲ့ အတွေးအခေါ်တွေမရှိတဲ့အပြင် ကြည့်သူတိုင်းကိုလည်း အနိုင်မခံအရှုံးမပေးတဲ့စိတ်၊ မကောင်းမှုဟူသမျှ ဆိတ်ကွယ်ရာမရှိဆိုတဲ့ အတွေးတွေကို ထည့်ပေးပြီး ကလေးတွေကိုလည်း အတုယူမှားပျက်စီးစေတဲ့ ကားတွေမရှိဘူးလို့ ပရိသတ်က ဝေဖန်ထားပါတယ်။ ဒါကြောင့်လည်း နေထူးနိုင်ကို မဝေဖန်ဘူး ဘေးမဲ့ ပေးထားတယ် ဆိုပြီးတော့ ပရိသတ်က ပြောထားပါတယ်။

နေထူးနိုင်ကတော့ “ဘေးမယ့်ပေးထားသူရဲ့ဝေဖန်မှုကိုကျွန်တော်အရမ်းကျေနပ်တယ်ကျေးဇူးလဲအရမ်းတင်ပါတယ်” လို့ရေးကာ ဝေဖန်ထားတဲ့ ကွန်းမန့်ကို စခရင်ရှော့ရိုက်ပြီး ပုံတင်ထားတာဖြစ်ပါတယ်။ နေထူးနိုင်ဟာ အကျိုးအကြောင်းသင့်စွာ ဝေဖန်ထားတဲ့ ကွန်းမန့်တွေကို လက်ခံတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ တချို့ပရိသတ်တွေဆီမှာတော့ ဟာသလုပ်ခံရတွေရှိပေမဲ့လည်း ဝေဖန်တိုက်ခိုက်လာတဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

READ
တော်ဝင်မင်းသမီးလေးတစ်ပါးလို လှပနေတဲ့ နန်းဆုရတီစိုး

Source: Nay Htoo NAing

SHARE