နော်စေးစေးထူးကို ရှိသမျှအကုန် ပေါင်နှံရောင်းချပြီး Vote ပေးမယ်ဆိုတဲ့ နေမင်း

Image:fb/Nay Min & Naw Say Say Htoo

Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်တွေကတော့ အခုဆိုရင် ကိုယ်ပိုင်အမာခံပရိသတ်တွေ အများကြီးကို ပိုင်ဆိုင်နေကြပါပြီ။ပြိုင်ပွဲဝင်လေးတွေကို အားပေးတဲ့ အထဲမှာ အနုပညာရှင်တွေလည်း ပါပါတယ်။သရုပ်ဆောင်မင်းသားနေမင်းကတော့ Myanmar Idol ပြိုင်ပွဲ ၀င်ေ တွ ထဲက နော်စေးစေးထူးကို အားပေးတယ်လို့ သူ့ရဲ့ Fb Post တွေ အရသိရပါတယ်။

Image:fb/Naw Say Say Htoo
Image:fb/Nay Min

နေမင်းရဲ့ Fb မှာတော့ နော်စေးစေးထူးကို အားပေးတဲ့ Post တွေ တင်ထားတာကိုလည်း တွေ့ရပါတယ်။

“ငါသည်
နောက်တစ်ပတ်ကစ၍
နော်စေးစေးထူးကို
ရှိသမျှအကုန်လုံး
ပေါင်နှံ ရောင်းချ
ချေးဌား
ရှာကျန် ကာ
votes
ပေးတော့မည်
ဒါ….” ဆိုပြီး တင်ထားပါတယ်။

Image:fb/Naw Say Say Htoo
Image:fb/Nay Min

Myanmar Idol Season 4 Top(10) Performance Show အတွက် ပြီးခဲ့တဲ့ အပတ်က Rock သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ပရိသတ် မဲပေးမှု ရလဒ် အရတော့ နော်စေးစေးထူးက Voting အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ဒိုင်တွေက ပြိုင်ပွဲ တစ်လျောက်မှာ တခါပဲ သုံးခွင့်ရှိတဲ့  Save ကိုသုံးပြီး နော် စေးစေးထူးကို Save လုပ်ခဲ့ပါတယ်။အဲ့လို Save လိုက်တဲ့ အတွက် အခုအပတ်မှာတော့ ပြိုင်ပွဲ ကနေ (၂)ယောက်ထွက်ခွာရမှာပါ။Myanmar Idol Season (4) ရဲ့ Week 3 မှာတော့ အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ကြမှာပါ။

READ
စပိန်ကမ်းခြေရောက် အွန်ဆိုင်း
Image:fb/Naw Say Say Htoo
Image:fb/Nay Min

Source:နေမင်း၊နော်စေးစေးထူး

SHARE