လေယာဉ်မှူးကြီးကိုယ်တိုင် လူမမာသတင်းလာမေးလို့ အရမ်းပျော်နေတဲ့ နေမင်း

မေလ(၁၂)ရက်နေ့က Myanmar National Airline လေကြောင်းလိုင်းမှ Flight No. UB103  လေယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းချိန်မှာ လေယာဉ်ရှေ့ဘီးချမရ ဖြစ်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာတော့ နေမင်း၊စည်သူမောင်တို့ အပြင် ခရီးသည် အများအပြား ပါဝင်ခဲ့ပြီး လေယာဉ်မှူးနဲ့ တခြားသော လေယာဉ်အမှုထမ်းတွေရဲ့ ကြိုးစားမှုကြောင့် လိုက်ပါ တဲ့ ခရီးသည်တွေ ဘေး မသီ ရန် မခပဲ လေယာဉ်ကို အန္တရာယ်ကင်းကင်းဆင်းသက်နိုင်ခဲ့ပါတယ်။ဒါကြောင့် ခရီးသ ည်တွေ အတွက် ကြိုးစားပေးခဲ့တဲ့ လေယာဉ်မှူးကြီးနဲ့ အဖွဲ့ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေကို ဆက်တိုက် ဆိုသလို ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။လေယာဉ်မှူးကြီးနဲ့ အဖွဲ့ကို ဂုဏ်ပြု ပေးတဲ့ ပွဲကိုတော့ နေမင်းတစ်ယောက် တက်ေ ရာက် ဖို့ရည်ရွယ်ထားပေမယ့်လည်း ကျန်းမာရေးကြောင့် မတတ်ရောက်နိုင်ခဲ့ပါဘူး။

ကျန်းမာရေးမကောင်းပဲ မထနိုင်တော့တဲ့ နေမင်းကိုတော့ လေယာဉ်မှူးကြီးနဲ့ အဖွဲ့က အိမ်တိုင်ရာရောက် လာရောက် ကြည့်ရှုခဲ့ကြပါတယ်။နေမင်းကတော့ အပျော်တွေ လွန်ပြီး “ဘဝအတွက်မမေ့နိုင်သောညဖြစ် ခဲ့ပြီ..” ဆိုပြီး တင်ခဲ့ပါတ ယ်။

READ
ဆယ်လ်ဖီ အလန်းလေးတွေ တင်လိုက်ပြန်တဲ့ နန်းသီရိမောင်

“ကျွန်တော် နေမကောင်းဖြစ်ပြီဗျာ
ခေါင်းတွေမူးနေပြီး မထနိုင်တော့တဲ့အထိအောင်ဖြစ်ခဲ့ပြီ
ဒီနေ့ညနေ နိုဗိုတယ်လေယာဉ်မှုးကြီးတို့အား
ဂုဏ်ပြုပွဲကိုလည်းကျွန်တော်မရောက်နိုင်တော့ပြီ
………………………………………………….
ရူတင်မှပွဲသို့အသွား လမ်းတစ်ဝက်မှဘဲ
အိမ်သို့လှည့်ပြန်ခဲ့လိုက်ရသည်
အိပ်ယာပေါ်သို့လှဲပြီး ပြန်၍မထနိုင်မှန်းသိလိုက်သည်
ကျွန်တော့်ညီ Minmin Lat ကို ဦစိုးမိုးဆီသို့
ဆက်သွယ်ခိုင်းပြီး
ရွှေပြားလေးကို သွားပို့ဖို့ရယ်
ပွဲသို့မလာနိုင်တော့ကြောင်းရယ်ကို
သတင်းပေးပို့ခိုင်လိုက်ရတော့သည်

အိပ်ယာပေါ်၌သာငြိမ်၍ကျွန်တော်အနားယူခဲ့လိုက်သည်
ခဏလား အနည်းငယ်လား အိပ်ပျော်သွားခဲ့သည်

အမေ မကြားတကြားလေးကျွန်တော့်ကို
လာ၍ နိုး ရှာသည်
သား လေး ဦးစိုးမိုးတို့ ကိုစည်သူမောင်တို့ နဲ့
လေယာဉ်မှုးကြီးရော လေယာဉ်မှုးလေးတွေရော
သားလေးကို သတင်းလာမေး ကြ တယ် တဲ့

လေးယာဉ်မှုးကြီးနဲ့လေယာဉ်မှုးလေးတွေကို
အဖေ ( ပါပါးကြီး ) တွေ့ခွင့်ရသလို့
ကျေးဇူးတင်စကားပါပြောခွင့် လည်း ရခဲ့တယ်
အမေနဲ့အကိုကြီးအမကြီး အကိုလေးတူလေးတွေနဲ့ပါ
ဆုံတွေ့ခွင့်ရခဲ့ခြင်းက
အမှတ်တရအဖြစ်ဆုံး နဲ့ ဘဝအတွက်မမေ့နိုင်သော
ညဖြစ်ခဲ့ပြီ နေမကောင်းတာပင်သက်သာခွင့်ရခဲ့ပြီ
——————————————-
လေယာဉ်မှုးကြီးတို့ရဲ့ ဆန္ဒကို
စီစဉ်ပို့ဆောင်ပေးသော
U Soe Moe Si Thu Maung Amor Mone Thike San Tun Kyo Kyar တို့အား
မိသားစုဝင်တွေမို့ ကျေးဇူးတင်ကြောင်းမပြောတော့ပြီ
ရင်ထဲမှာပဲကြည်နူးစွာသိမ်းထာမိပြီ❤️🙏…” ဆိုပြီး နေမင်းက တင်ထားပါတယ်။

Source နေမင်း

READ
အေဂျင်စီကတားမြစ်ခဲ့လို့ မျက်နှခွဲစိတ်မှုမပြုလုပ်ဖြစ်ခဲ့တဲ့ Super Juniorရဲ့ Eunhyuk
SHARE