လေယာဉ်ပျက်ကျတဲ့အထဲမှာ ပါဝင်သွားပြီး အသက်အန္တရာယ်ကြုံလုနီးပါးဖြစ်ခဲ့တဲ့ နေမင်း

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများတဲ့သူတစ်ယောက်ဖြစ်တဲ့ နေမင်းကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ နေမင်းကတော့ ဒီကနေ့မှာ သူ့ရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

နေမင်းကတော့ မန္တလေးကို လေယာဉ်နဲ့ ခရီးထွက်သွားခဲ့တာဖြစ်ပြီး သူစီးသွားခဲ့တဲ့လေယာဉ်ကတော့ အရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လေယာဉ်ဆီကုန်ခါနီးမှာ နောက်ဘီးတွေမှေးချပြီး အရှိန်နဲ့ရှေ့ဝမ်းပိုက်နဲ့ရှောဆင်းခဲ့တာကြောင့် လေယာဉ်ပေါ်ကသူတွေ တစ်ယောက်မကျန်ဘေးကင်းခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာတော့ ခင်လေးနွယ်၊ယုသန္တာတင်နဲ့ စည်သူမောင်တို့လည်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ လေယာဉ်ပေါ်မှာ ပါရှိသူတွေအယောက်တိုင်း ဘေးကင်းသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာတောင် လေယာဉ်စီးသူတွေကို တစ်ယောက်မကျန်ကယ်လိုက်နိုင်တဲ့ လေယာဉ်မှူးနဲ့ ဝန်ထမ်းတွေကတော့ တကယ့်ကို ချီးကျူးစရာပါပဲနော်။

READ
Shwe FM ပွဲမှာ ယဉ်ယဉ်လေးနဲ့ လှနေတဲ့ ယွန်းယွန်း

Source:Nay Min,Khine tha zin oo , Khin lay Nwe, yu thandar tin

SHARE