နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင် အပိုင်း(၁)ထွက်ရှိ

မီဒီယာတွေက မေးမြန်းထားတဲ့ မေးခွန်းတွေတိုင်းကို ပြန်လည်ဖြေကြားပေးထားတဲ့ နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီ ဒီယိုဖိုင် အပိုင်း(၁)ထွက်ရှိလာခဲ့ပါပြီ။အစောပိုင်းတုန်းကဗီဒီယိုဖိုင် အမြည်း ထွက်ရှိခဲ့ပါတယ်။မေးလိုက်တဲ့ မေးခွန်းတိုင်း ကိုလည်း နေရွှေသွေးအောင်က မရှောင်ပဲ အကုန် ဖြေကြားထားခဲ့တာပါ။အမြည်းနဲ့တင်ပဲ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင် အပြည့်အစုံ အပိုင်း(၁)ဟာ မတ် (၇)ရက်နေ့မှာ ထွက် ရှိလာခဲ့ပါပြီ။

နေရွှေသွေးအောင်ကိုတော့ သရုပ်ဆောင်မင်းသားရန်အောင်က တစ်ဖက်မီဒီယာတွေရဲ့ မေးခွန်းကို ဖတ်ပြပြီး တဆင့် ခံ အင်တာဗျူး အနေနဲ့ မေးထားတာပါ။မေးခွန်းတွေထဲမှာမှ တစ်ချို့မေးခွန်းတွေကတော့ တော်တော်လေး ကို ပွင့်လင်း လွန်းတာ ကိုလည်း တွေ့ရပါတယ်။ရွှေမှုံရတီနဲ့ အတူ MV ရိုက်တော့ ရွှေထူးက ဘာပြောလဲ ဆိုတဲ့ မေးခွန်း တွေရော ၊သီချင်းဗီဒီယိုတွေရဲ့ ရိုက်ကူးမှု ကုန်ကျစရိတ်၊tonight i’m lovin you သီချင်း MV လို တခြားအနုပညာရှင်တွေ က ဖန်တီးခဲ့ရင် ဆင်ဆာရပါ့မလား၊ ကိုနေရွှေေ သွးအောင်ကို ဘာကြောင့် အရေးမယူတာလဲ၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေး ဆိုတဲ့အပေါ် ဝေဖန်ထိုးနှက်မှုတွေကို ဘာပြောချင်လဲ..” ဆိုတဲ့ မေးခွန်းအပြင် မေးခွန်းတွေ အများကြီးမေး ထားတာပါ။

နေရွှေသွေးအောင် နှင့် အင်တာဗျူးကဏ္ဍ – အပိုင်း ၁Interview with Nay Shwe Thway Aung – Part 1#နေရွှေသွေးအောင် #ဖိုးလပြည့် #အင်တာဗျူး

Posted by Nay Shwe Thway Aung on Wednesday, March 6, 2019

Source နေရွှေသွေးအောင်

SHARE