နေရွှေသွေးအောင်ရဲ့ အင်တာဗျူး နောက်ဆုံးအပိုင်း ထွက်ရှိ

မီဒီယာတွေက မေးမြန်းထားတဲ့ မေးခွန်းတွေတိုင်းကို ပြန်လည်ဖြေကြားပေးထားတဲ့ နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီ ဒီယိုဖိုင် အပိုင်း(၃) နောက်ဆုံးအပိုင်းထွက်ရှိလာခဲ့ပါပြီ။မေးလိုက်တဲ့ မေးခွန်းတိုင်း ကိုလည်း နရွှေသွေးအောင်က မရှောင်ပဲ အကုန် ဖြေကြားထားခဲ့တာပါ။ နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင် အပြည့်အစုံ အပိုင်း(၁)ဟာ မတ် (၇)ရက်နေ့မှာ ထွက် ရှိလာခဲ့တာပါ။အပိုင်း(၁)နဲ့ (၂) ဆိုပြီး ထွက်ရှိလာခဲ့ရာမှ အခုဆိုရင် အပိုင်း (၃) နောက်ဆုံး ပိုင်း ထွက်ရှိလာခဲ့ပါပြီ။

အပိုင်း(၃)မှာတော့ ရိုက်ခဲ့သမျှ MTV ထဲမှာသူအကြိုက်ဆုံးက Tonight လို့ ပြောခဲ့ပါတယ်။ မြန်မာအဆိုတော် တွေထဲက သူအားကျလေးစားရတဲ့ သူတွေက ဘယ်သူလဲ၊ သူအ ကြိုက်ဆုံး အမျိုးသားနဲ့ အမျိုးသမီးအဆိုတော် က ဘယ်သူလဲ ဆိုတာကို ဖြေပေးခဲ့ပါတယ်။အမျိုးသမီးထဲမှာတော့ ထူးထူးခြားခြား Favourite ဖြစ်တဲ့ သူမရှိပေမယ့် အမျိုးသားထဲမှာတော့ စိုင်းစိုင်းကို ကြိုက်တယ်လို့ ဖြေခဲ့ပါတယ်။

READ
'Coffee Prince' တည်းက Gong Yoo ကို သဘောကျခဲ့တာပါဆိုတဲ့ Kim Goeun

မြန်မာသရုပ်ဆောင်ထဲမှာ ကြိုက်နှစ်သက်တဲ့ သူက ဘယ်သူလဲ ဆိုပြီး မေးတဲ့ အခါမှာတော့ အမျိုးသမီးထဲမှာဆိုရင် နန္ဒာလှိုင်၊အမျိုးသားထဲမှာကိုရန်လေး၊သူထူးစံ၊ပိုင်ဇေရဲထွန်းကို ကြိုက်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ နေ တိုးကို နှစ်သက်တယ်ဆိုပြီး ပြောခဲ့ပါတယ်။အဖိုးဖြစ်သူ က ဘယ်လောက်ထိ သူ့အပေါ်မှာလွှမ်းမိုးမှုရှိသလဲ..? ဆိုတဲ့ မေးခွန်း တွေကိုရော၊လက်ရှိ အချစ်ရေးအခြေအနေကရော ဘယ်လိုလဲ ဆိုပြီး မေးခဲ့ပါတယ်။

နေရွှေသွေးအောင် နှင့် အင်တာဗျူးကဏ္ဍ – အပိုင်း ၃ (ဇာတ်သိမ်းပိုင်း)Interview with Nay Shwe Thway Aung – Part 3 (The Life Style)#နေရွှေသွေးအောင် #ဖိုးလပြည့် #အင်တာဗျူး

Posted by Nay Shwe Thway Aung on Tuesday, April 9, 2019

Source နေရွှေသွေးအောင်

SHARE