ရုပ်ရှင်လောကမှာက ရိုးရာထုံးတမ်းစဉ်လာထဲက ကန္နားစည်းတွေဆိုရင် ဟာသအနေနဲ့ပဲ ရိုက်ကူးခဲ့ကြတာများပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ နတ်ပွဲတွေကိုကျင်းပနေတဲ့ ကန္နားစည်းနဲ့ မှုခင်းတွေအကြောင်းကို ဆက်စက်ပြီးတော့ လျှို့ဝှက်သည်းဖိုဆန်ဆန် ရိုက်ကူးပုံဖော်ထားတာပါ။
သရုပ်ဆောင်ကတော့ နေတိုးက ဦးဆောင်ပါဝင်ထားပြီးတော့ ညီထွဋ်ခေါင်၊ သူရိယ၊ စိုးမိုးကြည်၊ မြတ်ကေသီအောင်တို့ကလည်းပါဝင်အားဖြည့်ပေးထားပါသေးတယ်။
ဇာတ်လမ်းအရကတော့ နေတိုးဟာ ကန္နားစည်း ဦးအောင်စည်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဦးအောင်စည်ဟာ အရင်ကတည်းက ရွာမှာ အပယ်ခံပါ။ အသက်ကြီးလာတော့လည်း ကန္နားစည်းလုပ်နေတဲ့အတွက် ယုံကြည်ကိုးကွယ်သူတစ်ချို့ကလွဲလို့ ဦးအောင်စည်ကို တော်ရုံ ကြည့်လို့မရဘဲ ရွံကြောက်ပုံစံဖြစ်လို့နေပါတယ်။ အကြောင်းကတော့ ဦးအောင်စည်ကို အောက်လမ်းတွေ၊ စုန်းကဝေအတတ်တွေ တတ်တယ်ဆိုပြီး ယုံကြည်နေလို့ပါပဲ။
ဒီလိုနဲ့ ဦးအောင်စည်နဲ့ အဆင်မပြေတဲ့ လူတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုကိုယ်စီနဲ့ အသက်ဆုံးရှုံးသွားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်လာနေခဲ့ပါတယ်။ သေတဲ့လူတွေအကုန်လုံးက မတော်တဆကြောင့်ဆိုပေမယ့်လို့ ဦးအောင်စည်နဲ့ အကုန်ဆက်စပ်မိနေတဲ့အတွက် ရဲတပ်ဖွဲ့က ဦးအောင်စည်ကို စစ်ဆေးမေးမြန်းရပါတော့တယ်။

ဘာကြောင့်များလဲ၊ လူတွေပြောသလို အောင်စည်ကိုထိတာနဲ့ နတ်ကိုင်သွားကြတာလား ဒါမှမဟုတ် ရဲတပ်ဖွဲ့ထင်နေသလို ဦးအောင်စည်ကိုယ်တိုင် သူနဲ့အဆင်မပြေတဲ့လူတွေကို ကိုယ်တိုင်လိုက်သတ်နေတာလား။ ဦးအောင်စည်ကတော့ တရားကို နတ်စောင့်ပါသတဲ့။ ဒီလူသတ်မှုတွေရဲ့နောက်ကွယ်က အကြောင်းတရား အမှန်က ဘာများဖြစ်မလဲဆိုတာ “အထက်တန်းစား” ဆိုတဲ့ ရုပ်ရှင်မှာ ရှာဖွေကြည့်လိုက်ပါ။
ဒီကားထဲ အကြိုက်ဆုံးစကားလေးကတော့ စိတ်ထားဖြူစင်ပြီး ကိုယ်ကျင့်သီလကောင်းသူဟာ အထက်တန်းစားပဲ ဆိုတဲ့ စကားလေးပါပဲ။ တကယ်လည်း လောကကြီးမှာ ငွေရှိ၊ ဂုဏ်ရှိ၊ ပညာတတ်ပြီးတော့ အထက်တန်းစားမဆန်တဲ့ အောက်တန်းစားတွေ အများကြီးရှိနေပါတယ်။
ရုံတင်ကားတွေကို တစ်ဖန်ပြန်လည်ခံစားနိုင်စေဖို့အတွက် အခုပဲ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုလိုက်ပါ။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အာရှတစ်ခွင်က မျိုးစုံသောရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် အခုပဲ Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။
penny