နာဇီဂျာမနီရဲ့ အရက်စက်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး

WW2GraveStone/YouTube

နာဇီစစ်သားတွေရဲ့ ကြမ်းတမ်းပြီးရက်စက်တဲ့လုပ်ရပ်တွေဟာ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ယနေ့ထိရှိနေဆဲပါ။ သာမန်အရပ်လုပ်အရပ်သားရိုးသားအေးဆေးစွာနေထိုင်နေကြတဲ့ ဂျာမန်အမျိုးသားတွေဟာ နာဇီပါတီထဲဝင်ရောက်ပြီးနောက်ပိုင်း အထူးတပ်သားတွေဖြစ်လာကြတဲ့အခါ သူတစ်ပါးအပေါ် ဆိုးယုတ်ကောက်ကျစ်မှုနဲ့ ရက်စက်တဲ့လုပ်ရပ်တွေပါသင်ကြားပေးခြင်းခံကြရပါတယ်။ ယေဘုယျအနေနဲ့လူသိနည်းတဲ့အချက်တစ်ခုက နာဇီအမျိုးသမီးအထူးတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားတွေထက် ပိုမိုပြီးရက်စက်လေ့ရှိတယ်ဆိုတဲ့အကြောင်းပါ။

သူတစ်ပါးကိုသွေးအေးအေးနဲ့ညှင်းပန်းနှိပ်စက်ပြီး ရက်စက်စွာပြုမူကြတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေထဲမှာ အဲမဂရီးစ် အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ ကျော်ကြားပါတယ်။ သူမအသက်(၂၀)အရွယ်လောက်မှာပဲ  သူမနဲ့ရွယ်တူ အကျဉ်းစခန်း လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ကြောက်စရာအကောင်းဆုံး နာဇီပါတီဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

 

ငယ်ရွယ်ပြီး အပြာရောင်မျက်လုံးတွေနဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့သူမဟာ ဟစ်တလာရဲ့ အာရိယန်မျိုးနွယ်က စံပြမိန်းမတစ်ဦးပါပဲ။ အော့ရှဝစ်ဇ်အကျဉ်းစခန်းမှာ အလုပ်လုပ်ဖူးတဲ့ အကျဉ်းထောင်ဆရာဝန်ဖြစ်သူ ဒေါက်တာဂစ်ဆယ်လာပါးလ်က ဂရီးစ်ဟာသူမတွေ့ဖူးသမျှ မိန်းမတွေထဲမှာ အချောအလှဆုံး မိန်းမတစ်ယောက်ဖြစ်တယ်လို့ ဆိုထားပါတယ်။ သူမရဲ့ကိုယ်ခန္ဓာကလည်း အချိုးအစားပြေပြစ် လှပတဲ့အပြင် ကြည်လင်တဲ့မျက်နှာနဲ့ အပြစ်ကင်းတဲ့ အပြာရောင်မျက်လုံးတွေလည်းရှိကြောင်း ပြောပြပါတယ်။ ဒါပေမယ့် လှပတဲ့မျက်နှာနဲ့ ပြေပြစ်တဲ့ခန္ဓာကိုယ်ရှိလင့်ကစား အကြမ်းတမ်းအရက်စက်ဆုံး မိန်းမဆိုးတစ်ဦးပါလို့လည်း ပြောခဲ့ပါတယ်။

ဂရီးစ်ကို ၁၉၂၃ခုနှစ်တုန်းက ဂျာမနီနိုင်ငံမြောက်ပိုင်း မက်ကလန်ဘာ့ဂ်မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေဟာ လယ်သမားတွေဖြစ်ကြပြီး ကလေး(၅)ယောက်ရှိပါတယ်။ ၁၉၃၆ခုနှစ်မှာတော့ ဂရီးစ်ရဲ့မိခင်ဟာ သူမကိုယ်သူမ သတ်သေသွားခဲ့ပြီး ကလေးတွေကို ဖခင်ကပဲကြီးပြင်းအောင် စောင့်ရှောက်လာခဲ့တာဖြစ်ပါတယ်။ ၁၉၃၃ခုနှစ်မတ်လ(၂၃)ရက်နေ့မှာ နာဇီမူဝါဒကို မူလတန်းကျောင်းတွေမှာ သင်ဖို့အတင်းပြဌာန်းခဲ့ကြပြီး ဂရီးစ်နဲ့ အခြားဂျာမန်ကလေးတွေဟာ ကျောင်းမှာနာဇီဝါဒနဲ့ထိတွေ့ခဲ့ကြရပါတယ်။

READ
အဖော်အချွတ် မော်ဒယ်ဘဝမှာရပ်တည်ဖို့ ရဲအရာရှိရာထူးမှ နှုတ်ထွက်ခဲ့သည့် အမျိုးသမီး
WW2GraveStone_YouTube

ဂရီးစ်ရဲ့ ဖခင်ဖြစ်သူဟာကလေးတွေကို နာဇီအဖွဲ့အစည်းတွေထဲမ၀င်ရောက်ဖို့တားမြစ်ခဲ့ပေမယ့် ဂရီးစ်ဟာ နာဇီဝါဒကိုလိုလားထောက်ခံသူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူမအသက်(၁၄)နှစ်အရွယ်ရောက်တဲ့အခါ အိမ်ကထွက်ခွာခဲ့ပြီးဂျာမန်အမျိုးသမီးများအဖွဲ့ထဲ ဆက်သွယ်ဝင်ရောက်ခဲ့ပါတယ်။ ဂရီးစ်ရဲ့ရည်ရွယ်ချက်ဟာ သူနာပြုတစ်ဦးဖြစ်ဖို့ပါ။ ဒါပေမယ့် သူနာပြုဖြစ်မလာခဲ့ပဲ မက္ကင်းနစ်သမားတစ်ဦးသာဖြစ်လာခဲ့ပါတယ်။

သူမအသက်(၁၈)နှစ်အရွယ်မှာ ဂျာမန်အထူးတပ်ဖွဲ့ထဲဝင်ရောက်ခဲ့ပါတယ်။ သူမ၀င်ရောက်တဲ့အချိန်တုန်းက အမျိုးသမီးပေါင်း(၂)ထောင်ကျော်ရှိပြီး နေထိုင်စရာပေးသလို တခြားအခွင့်အရေးတွေလည်းရတာကြောင့် အထူးတပ်ဖွဲ့ထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ တပ်ဖွဲ့က ဆေးစစ်ချက်အောင်ပြီးနောက်မှာတော့ သူမဟာ သင်တန်းတက်ဖို့အတွက် ရေဗန်စ်ဘရက်ခ်ကိုအပို့ခံရပြီး သူမအလုပ်က အကျဉ်းသားတွေကို ဘာအကြောင်းပြချက်မှမရှိပဲနဲ့ ရိုက်နှက်ရတာဖြစ်ပါတယ်။

Wikimedia

၁၉၄၃ခုနှစ်မှာတော့ အော့ရှဝစ်ဇ်ကိုပြောင်းဖို့ အမိန့်ကျလာခဲ့ပါတယ်။ အဲဒီမှာသူမဟာ ဘွတ်ဖိနပ်အလေးကြီးတွေ ၀တ်ဆင်ရပြီး ပစ္စတိုတစ်လက်၊ ၀ိုင်ယာနဲ့တိတ်နဲ့ပတ်ကျစ်ထားတဲ့ ကျာပွတ်တစ်ချောင်းကို ဆောင်ထားရပါတယ်။ နောက်တစ်နှစ်မှာတော့ အမျိုးသမီးပေါင်း(၃)ထောင်ကျော်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းမှာ ဒုတိယရာထူးအကြီးဆုံး အထူးတပ်ဖွဲ့အရာရှိအဖြစ် ရာထူးတိုးခံခဲ့ရပါတယ်။

ရာထူးတက်သွားတဲ့အခါမှာ ခွေးအကြီးကြီး(၂)ကောင်လဲရလာခဲ့ပြီး ခွေးတွေကို တမင်တကာအစာငတ်ခံထားပြီး အကျဉ်းသားတွေကို အန္တရာယ်ပြုစေခဲ့ပါတယ်။ သူမထက်လှပတဲ့ အမျိုးသမီးတွေဆိုရင် ကြာပွတ်နဲ့ရိုက်နှက်လေ့ရှိပါတယ်။ တကယ်လို့ သူမရဲ့ကျာပွတ်ဒဏ်ခံရပြီး ရောဂါပိုးဝင်လို့ ခွဲစိတ်ဒဏ်ခံရမယ့် အမျိုးသမီးတွေဆိုရင်လည်း မေ့ဆေးမပေးပဲ အစိမ်းလိုက်ခွဲစိတ်စေခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ဦးကတော့ တကယ်လို့ခွဲစိတ်ခံရတဲ့သူဆီက သူမကျေနပ်လောက်တဲ့အထိ အော်သံမကြားရဘူးဆိုရင် ဖိနပ်တွေနဲ့ဆောင့်ကန်ပြီးအော်ခိုင်းပါတယ်။ အကျဉ်းသားတွေရဲ့ နာကျင်ခံစားရပုံတွေကြည့်တဲ့အခါ သူမဟာလိင်စိတ်နှိုးထမှုဖြစ်စေတာကြောင့် ရက်စက်စွာညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်ကြောင်းဆိုကြပါတယ်။

READ
သမီးရဲ့ချစ်သူဆီကို အားနာကြောင်းစာပို့ခဲ့ကြတဲ့ အိုဘားမားတို့မောင်နှံ
Wikimedia

 

အကျဉ်းသားတွေကိုအလုပ်လုပ်ဖို့ ချီတက်ခိုင်းစေတဲ့အခါမှာလည်း အနောက်မှာတရွတ်ဆွဲကျန်ခဲ့တဲ့သူတွေကို ခွေးတွေလွှတ်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကိုက်သတ်ခိုင်းပါတယ်။ အသက်ရှင်ကျန်နေသူတွေရဲ့ ပြောပြချက်အရတော့ ဂရီးစ်ဟာတစ်နေ့ အမျိုးသမီးအယောက်(၃၀)လောက်ကိုသေတဲ့အထိရိုက်သတ်ကြောင်း သိရပါတယ်။

၁၉၄၅ခုနှစ်မှာတော့ ဂရီးစ်ကို ရေဗန်စ်ဘရက်ခ်ဆီပြန်ပို့ခဲ့ပြီး ထိုနေရာမှာတော့ သူမရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် “The Beast of Belsen” ဆိုပြီးတော့တောင် နာမည်ပေးခဲ့ရပါတယ်။ ၁၉၄၅ခုနှစ်ဧပြီလရောက်တဲ့အခါမှာတော့ ဗြိတိန်စစ်တပ်တွေဝင်လာပြီး ဂရီးစ်ကိုဖမ်းဆီးခဲ့ပါတယ်။ ၁၉၄၅ ဒီဇင်ဘာမှာတော့ “The Hyena of Auschwitz” လို့အမည်ရတဲ့အသက်(၂၂)နှစ်အရွယ် အငယ်ဆုံးနာဇီစစ်ရာဇ၀တ်သား ဂရီးစ်ကို ကြိုးမိန့်ပေးခဲ့ပါတယ်။ သေဆုံးခါနီးတောင်ဂရီးစ်ဟာမျက်နှာမပျက်ပဲပြုံးပြီး ကြိုးစင်ပေါ်တက်သွားခဲ့ကြောင်း သိရှိရပါတယ်။

လင်းလင်း (ShweMom)

Source: warhistoryonline

SHARE