ဒုတိယကမ္ဘာစစ်မှာ နာဇီတွေ မအောင်မြင်ခဲ့တဲ့ ကြောက်ခမန်းလိလိ လက်နက်စီမံကိန်းများ

ဒုတိယကမ္ဘာစစ်အတွင်းမှာ ကနဦးစစ်မျက်နှာဖွင့်စဉ်က နာဇီနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ အရေးလှခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကာလတော်တော်ကြာလာတဲ့အခါမှာတော့ သူတို့တစ်တွေ စစ်ဒဏ်၊ ရာသီဥတုဒဏ်တွေကို အလူးအလံခံနေရတဲ့ ကြားက ရန်သူတွေရဲ့ လက်နက်အင်အားကို မယှဉ်နိုင်ခဲ့ပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် စစ်ကြိုကာလမှာ နာဇီတို့ ထုတ်ပြီး ကြွားခဲ့တဲ့ လက်နက်တွေကလည်း အလုပ်မဖြစ်ခဲ့ပဲ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။

နာဇီတွေသာ အဲဒီလက်နက်တွေ ထင်တဲ့အတိုင်း အောင်မြင်ခဲ့ရင်၊ သို့မဟုတ် စစ်မြေပြင်မှာ လောက်လောက်လားလား အသုံးချနိုင်ခဲ့ရင် ဒုတိယကမ္ဘာစစ်ဟာ နာဇီတွေရဲ့ အောင်ပွဲခံစရာ သမိုင်းဝင်စစ်ပွဲကြီး ဖြစ်မှာ။ ဒီလိုမဟုတ်ပဲ စစ်ပွဲက ပြောင်းပြန်ဖြစ်သွားလို့သာ ကမ္ဘာကြီးရဲ့ ကံကြမ္မာဟာ လက်ရှိအချိန်ထိ ဒီအတိုင်းဖြစ်နေခြင်းလို့ ဆိုရမှာပါ။ နာဇီတို့ မအောင်မြင်ခဲ့တဲ့ လက်နက်တွေကို Shwemom အတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Whirlwind Cannon

Whirlwind Cannon ဆိုတာကတော့ အနီးစပ်ဆုံးပြောရရင် လေပွေအတုတစ်ခု ဖန်တီးတဲ့ အမြောက်လက်နက်ဖြစ်ပါတယ်။ ရန်သူ့တိုက်လေယာဉ်တွေကို ကာကွယ်ဖို့ ရည်ရွယ်တာပါ။ သြစတီးယား သိပ္ပံပညာရှင် ဒေါက်တာ Mario Zippermeyer က ဦးဆောင်တီထွင်ခဲ့တာပါ။ ဒါပေမယ့် လက်နက်တီထွင်ပြီးနောက်မှ ထင်ထားသလောက် အလုပ်မဖြစ်ဘူးဆိုတာ သိခဲ့ရပါတယ်။

(၂) Sun Gun

Sun Gun ဆိုတဲ့အတိုင်း နေရဲ့ရောင်ခြည်ကို မှန်ဘီလူးနဲ့ တစ်ဆင့်ခံယူပြီး ကမ္ဘာကို ဒုက္ခပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ငယ်ငယ်က ဂွမ်းစလေးတွေကို မှန်ဘီလူးရဲ့ နေအလင်းစုအားနဲ့ မီးရှို့သလို ဒီနည်းနဲ့ ကမ္ဘာကို မီးရှို့ဖို့ နာဇီတွေက ကြံစည်တာပါ။ ဒီနည်းသာ အောင်မြင်သွားရင် သမုဒ္ဒရာကိုလည်း မိနစ်ပိုင်းအတွင်း မီးလောင်တိုက်သွင်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။

မှန်ဘီလူးကို အာကသယာဉ်တစ်ခုဆီမှာ တပ်ဆင်ပြီး အသုံးချမှာပါ။ ဒီအကြံစည်ကို ဂျာမန်သိပ္ပံပညာရှင် Hermann Oberth က ရခဲ့ပေမယ့် စစ်ဖြစ်တဲ့အချိန်မှာတောင် နမူနာက ဆောက်လို့မပြီးသေးပါဘူး။ ဒါဟာ ဟစ်တလာပြောသလို လိမ်ရင်လည်း အကြီးကြီးလိမ်-ဆိုတဲ့ စကားနဲ့ ကိုက်ညီနေပါတယ်။

READ
တစ်ရက်အတွင်း အပြီးတည်ဆောက်လို့ရတဲ့ Ready-madeဘန်ဂလိုအိမ်

(၃) Die Glocke

Glocke ဆိုတာက ဂျာမန်ဘာသာမှပြန်ဆိုရင် ခေါင်းလောင်းလို့ အဓိပ္ပါယ်ရပါတယ်။ အဆိုပါ ခေါင်းလောင်းလက်နက်ကို ပိုလန်ဂျာနယ်လစ်စာရေးဆရာရဲ့ အကြံအစည်နဲ့ တီထွင်ခဲ့တာပါ။ ပေ 600 radiu အတွင်းက တိရစ္ဆာန်တွေရဲ့ တစ်ရှုတွေကို (အတိအကျဖော်ပြမထားတဲ့ ဓာတုဓာတ်တွေကြောင့်) ပုံဆောင်ခဲတွေ ဖြစ်ကုန်စေမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အသုံးမ၀င်ခဲ့ပါဘူး။

(၄) Goliath Tracked Mine

Goliath Tracked Mine ဆိုတာ လမ်းလျှောက်မိုင်းလို့ အလွယ်ပြောလို့ရပါတယ်။ သူတို့ကို အဝေးကနေ ထိန်းချုပ်မောင်နှင်းပြီး ရန်သူတွေရဲ့ တင့်ကားတွေ၊ တံတားတွေ၊ တပ်ဖွဲ့တွေကို ပေါက်ကွဲအားအလွန်ပြင်းထန်တဲ့ ပေါင် 200 ဗုံးကြီးနဲ့ ချေမှုန်းနိုင်မယ်လို့ ယူဆကြပါတယ်။ 1942 ခုနှစ်မှာ စစ်ပွဲထဲကို စတင်အသုံးပြုခဲ့ပြီး၊ အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ အထူးသဖြင့် လှုပ်ရှားမှုကလည်း အလွန်နှေးကွေးတဲ့အပြင်၊ ပေအနည်းငယ် ကျော်သွားတာနဲ့ ထိန်းချုပ်လို့ မရတော့တာပါ။

(၅) Sonic Cannon

Sonic Cannon ကိုတော့ နှောင်းပိုင်းပညာရှင်တွေက ကလေးကလားဆန်ဆန် ဉာဏ်နဲ့ ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ အောက်ဆီဂျင်နဲ့ မီသိန်းဓာတ်ငွေ့တွေ ပေါင်းစပ်ပြီး အလွန်ကြီးမားတဲ့ အသံလှိုင်းတွေ ပြုလုပ်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ပေ 900 အဝေးက ရန်သူတွေကို အလွန်အနှောက်အယှက် ဖြစ်စေမှာဖြစ်ပြီး ပေ 160 အတွင်းမှာ အသံလှိုင်းကြောင့် အကုန်လုံး သေစေမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါလည်း အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။

(၆) Schwerer Gustav (Great Gustav)

ကမ္ဘာအကြီးဆုံး အမြောက်ကြီးလို့ တင်စားခံခဲ့ရတဲ့ Great Gustav ရဲ့ ပြောင်းအ၀ဟာ 31.5 လက်မရှိပါတယ်။ ပြင်သစ်စစ်မြေပြင်မှာ သုံးစွဲဖို့ မှန်းစခဲ့ပါတယ်။ ဧရာမ အမြောက်ဆံကြီးတွေဟာ ရန်သူ့နယ်မြေအတွင်း ကျရောက်ပါက ပေ 150 ပတ်လည်အတွင်း အစိပ်စိပ်အမွှာမွှာ ကွဲထွက်ကုန်နိုင်တဲ့ အလားအလာရှိပါတယ်။ ဒါပေမယ့် ပြင်သစ်စစ်ပွဲမှာ မသုံးခဲ့ရပါဘူး။ 1945 မှာတော့ အဲဒီလက်နတ်တွေကို ဂျာမန်တွေက ဖျက်ဆီးခဲ့ပါတယ်။ ရန်သူလက်ထဲ ပါသွားမှာစိုးလို့ပါ။

READ
ရှားရှားပါးပါးမွေးရာပါအမှတ်အသားများနဲ့ လူသားများ

(၇) Silbervogel သို့မဟုတ် Silver bird

Silver bird ဆိုတာကတော့ ဒုံးကျည်စွမ်းအင်တပ်ထားတဲ့ ဗုံးကျဲလေယာဉ်ပါဘဲ။ 1930 ခုနှစ်ကတည်းက စတင်တီထွင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ အမေရိကန်က ဒီနည်းပညာကို ခိုးယူပြီး တိုက်လေယာဉ်တီထွင်ခဲ့ရမှာ အများကြီးထိရောက်ခဲ့ပါတယ်။

(၈)  V-2 Rocket

ထိုခေတ်ထိုအခါက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒုံးကျည်လို့ ဆိုပါတယ်။ တကယ်လည်း အောင်မြင်ခဲ့တဲ့ လက်နက်ပါ။ 1942 မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး၊ 3500 mph ပျံသန်းအားရှိပါတယ်။ 1944 ခုနှစ် လန်ဒန်ကို ဒီဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ မြို့သူမြို့သား 2754 ယောက် သေကြေစေခဲ့ပါတယ်။ လူပေါင်း 6500 သေဆုံးစေခဲ့ပါတယ်။ ဒါပေမယ့် ရန်သူတွေရဲ့ အနီးကပ်တိုက်ခိုက်မှုတွေကိုတော့ ဒီဒုံးကျည်တွေက အကာအကွယ်မပေးနိုင်ခဲ့ပါဘူး။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE