အမြဲမူးရူးနေတဲ့ ရည်းစားကို အိပ်ပျော်နေတုန်းမိတ်ကပ်လိမ်းပေးပြီးပညာပြခဲ့တဲ့ ကောင်မလေး

အင်္ဂလန်နိုင်ငံ အနောက် ယောရှီးလ်ယား ပြည်နယ် ကတ်စတယ်လ်ဖို့ မြို့ (Castleford)တွင် နာတာလီ ၀ီဗာ (Natalie Weaver)ဆိုသူ ကောင်မလေးဟာ သူမရဲ့ ရည်းစားဖြစ်သူ စတီဖင် (Stephen )က အရက်သမား ယစ်ထုတ်ကြီးတစ်ယောက်ဖြစ်နေလို့ စိတ်ညစ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

ပိုက်ပြင်သမားတစ်ယောက်ဖြစ်သူ စတီဖင် ဟော်လ်ဟာ ရည်းစားဖြစ်သူ နာတာလီနဲ့ တနင်္ဂနွေနေ့မှာ ချိန်းထားခဲ့ပေမဲ့ စတီဖင်ဟာ သူငယ်ချင်းများနဲ့ မနက် ၆ နာရီအထိ အရက်သောက်ပြီးမှ နာတာလီဆီကို ရောက်ခဲ့ပါတယ်။တစ်ယောက်တည်းဖြစ်နေလို့ ပျင်းနေတဲ့အပြင် ချိန်းထားတဲ့ အချိန်မရောက်လာဘဲ မူးရူးပြီး ပြန်လာတဲ့ရည်းစားဖြစ်သူ စတီဖင်ကို နာတာလီက ပညာပေးဖို့ ဆုံးဖြတ်လိုက်ပြီး စတီဖင် မူးပြီး အိပ်နေတဲ့ အချိန်မှာ မိတ်ကပ်များ၊အလှပြင်ပစ္စည်းများနဲ့ အလွန်အကျွံ အလှပြင်ပေးခဲ့ပါတယ်။

READ
ရယ်စရာဖြစ်စေခဲ့တဲ့ လူမှုကွန်ယက်ပေါ်က ကမ္ဘာကျော်ဓာတ်ပုံအလွဲများ

နာတာလီ ဟာ ရည်းစားဖြစ်သူ စတီဖင်ကို Hightlight များ၊eyeshadow များ၊နုတ်ခမ်းနီများဆိုးပေးခဲ့ပြီး လက်သည်းတုလေးများပါ တပ်ဆင်ပေးထားကာ အလှပြင်ပေးခဲ့တာဖြစ်ပြီ ဓာတ်ပုံများရိုက်ခဲ့ပါသေးတယ်။

စတီဖင် အမူးပြေလို့ နိုးလာတဲ့အချိန်မှာတော့ သူရဲ့ လည်းသည်းတွေဟာ ရှည်နေခဲ့လို့ ကြောင်တောင်တောင်ဖြစ်ခဲ့ပြီး မှန်ကြည့်လိုက်မှ ရည်းစားဖြစ်သူ နာတာလီက နောက်ထားမှန်းကို သိခဲ့ရပါတယ်။

နာတာလီကတော့ ” နင်သာ မိန်းမလိုပြင်လိုက်ရင် တော်တော်ချောမှာလို့ ကျွန်မ သူ့ကို ခဏခဏပြောခဲ့ဖူးပါတယ်။အခု အခွင့်လည်း ကြုံလာပြီဆိုတော့ သူ့ကို မိန်းကလေးတစ်ယောက်လို အလှပြင်ပေးခဲ့ပါတယ်။အလှပြင်လိုက်တော့လည်း စတီဖင်ဟာ မိန်းမတစ်ယောက်နဲ့ တော်တော်တူသွားပါတယ်။ကျွန်မ က သူ့ရဲ့ ဒီဓာတ်ပုံတွေကို သူငယ်ချင်းတွေကို ပြတဲ့အခါမှာ သူငယ်ချင်းတွေအားလုံးရယ်ကြပါတယ်။ဒီအဖြစ်အပျက်လေးက သူ အရက်သောက်တာကို ကျွန်မ တားလို့မရပေမဲ့ နောက်တစ်ခါ ချိန်းထားရင် အရက်သောက်မနေဖို့ သူကို သတိပေးနိုင်မယ် လို့ထင်ပါတယ်။ ”  လို့ပြောဆိုခဲ့ပါတယ်။

READ
ကြီးမားလွန်းတဲ့ နှင်းရုပ်တုကြီးတွေကို နှစ်တိုင်းဖန်တီးလေ့ရှိတဲ့ ညီအစ်ကို ၃ ယောက်

Slash (Shwemom)

Ref : Mirror

SHARE