ဥရောပမြို့တွေရဲ့ ဗိသုကာလက်ရာတွေကို ပန်းထိုးပြီး ပုံဖော်ခဲ့တဲ့ စုံတွဲ

ချားလ်စ်ဟင်နရီရဲ့ အီလင်းပက်ထရိုနယ်လာတို့ဟာ သမရိုးကျစုံတွဲတွေ မဟုတ်ပါဘူး။ သူတို့နှစ်ဦးစလုံးက အနုပညာမှာ ထူးချွန်တဲ့ စုံတွဲတွေဖြစ်ကြပါတယ်။ ပြင်သစ်ဆွီဒင် အနုပညာသည်နှစ်ဦးဟာ ဥရောပတစ်ခွင်ကို အတူတကွ ခရီးတွေထွက်ပြီး နှစ်လိုဖွယ်ရာကောင်းတဲ့ ပန်းထိုးဒီဇိုင်းတွေကို ဖန်တီးခဲ့ကြပါတယ်။ အနုပညာကို အသုံးပြုပြီး သူတို့နှစ်ဦး အတူခရီးသွားခဲ့ကြတဲ့ လမ်းတွေနဲ့ အဆောက်အဦးတွေကို အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ အီလင်းကတော့ အဆောက်အဦးတွေရဲ့ အသေးစိတ်အခြင်းအရာအပေါ်မှာ အာရုံစိုက်ပြီး ချားလ်စ်ကတော့ ချုပ်ရိုးရဲ့ အရောင်တွေနဲ့ ပတ်သက်လို့ အာရုံစိုက်ပါတယ်။ အံ့မခန်းလှတဲ့ မြို့ပြအဆောက်အဦးတွေ၊ တူးမြောင်းတွေ၊ ဒိန်းမတ်က အိမ်တွေနဲ့ ပါရီက ဘိုဟီးမီးယန်းလမ်းတွေကိုသူတို့စုံတွဲက လှပတဲ့ ပန်းထိုးလက်ရာတွေအဖြစ် ပြောင်းလဲခဲ့တာကို အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

Charles and Elin
Charles and Elin
Charles and Elin
Charles and Elin
Charles and Elin
Charles and Elin
Charles and Elin
Charles and Elin
Charles and Elin
Charles and Elin

လင်းလင်း (ShweMom)

READ
ချစ်ခြင်းရဲ့ အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတဲ့ ပန်းချီပညာရှင် Puuung ရဲ့ လက်ရာများ

Ref: Boredpanda

SHARE