အဆိုးမြင်စိတ်များခြင်းက စိတ်ဖောက်ပြန်မှုနဲ့ ဦးနှောက် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေနိုင်

Image:shutterstock/By YAKOBCHUK VIACHESLAV

ဖန်ခွက် ထဲကို ရေ တစ်ဝက် ထည့်ပြီး လူနှစ်ယောက်ကို ပြတဲ့ အခါ မှာ မတူ တဲ့  အ ဖြေ ထွက်လာတယ် ဆိုတဲ့ ဥ ပ မာ ကို လူတိုင်း ကြားဖူးကြမှာပါ။တစ်ယောက်က ရေ ကလည်း တစ်ဝက်ပဲ ရှိတယ်၊ အပြည့် မရှိဘူး လို့ မြင် ပြီး နောက် တစ်ယောက် က တော့ တစ်ဝက် ရှိ ပေမယ့် မရှိတာ ထက် တော် ရင် တစ်ဝက်ရှိတာ တော် သေးတာ ပေါ့ ဆိုတဲ့ မတူ တဲ့ အမြင် နှစ်မျိုး ရခဲ့ပါတယ်။တစ်ခါ တ လေ ကျရင် အ ကြောင်းအရာ အဖြစ်အပျက်က တစ်ခုတည်း ဆို ပေမယ့် လူ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အဲ့ဒီ အဖြစ်အပျက် ကို မြင် တဲ့ အမြင် ကျ တော့ အရမ်း ကွာခြား ပါတယ်။အ ရာရာ ကို အ ကောင်းမြင် စိတ်နဲ့ ကြည့်တဲ့ လူ အတွက် ကတော့ ဘ၀ က ပျော်စရာ ပိုများပြီး အဆိုးမြင်စိတ် နဲ့ ကြည့်တာ များ ရင် တော့ ဘ၀ ကို အားမလို အားမရ စရာကြီး၊စိတ်ပျက်စရာ ကြီးလို့ပဲ မြင် နေမှာပါ။အဆိုးမြင်စိတ်၊Negative အ တွေး တွေ သိပ်များလွန်းရင် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ  လေ့လာ တွေ့ရှိချက် တစ်ခုမှာ အခုလို ဖော်ပြ ခဲ့ပါတ ယ်။ဒီ အကြောင်းအရာ လေးကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Image:shutterstock/By WAYHOME studio

အဆိုးမြင် စိတ် တွေ သိပ်များနေ တဲ့ လူတွေ ဟာ အမှန် ကို သိမြင် စိတ်  တွေ နည်းပါးလာပြီး၊အယ်လ် ဆိုင်းမား ရောဂါ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ပရိုတင်းတွေ ပို များ လာ စေတယ်လို့ လေ့လာ တွေ့ရှိချက် အသစ်မှာ ဖော်ပြ ထား ပါတယ်။ မ ကောင်းတဲ့ Negative အ တွေး တွေ က စိတ် ဖောက်ပြန်မှုဖြစ်နိုင် ချေကိုလည်း ပို များ လာ နိုင် ချေ ရှိတယ်လို့လည်း စာရေးဆရာ ၊စိတ်ပညာရှင်၊လန်ဒန် စိတ်ကျန်းမာ ရေး တက္ကသိုလ် က သု တေသီ တစ်ယောက် ဖြစ်တဲ့ Dr. Natalie Marchant က ပြောပါတယ်။အဆိုးမြင်စိတ်နဲ့ မ ကောင်းတဲ့ အ တွေး တွေ က ဘယ်က လာ လဲ ဆိုရင် တော့ စိုးရိမ် ပူပန် မှု က လာတာပါ။ဖြစ်မလာ သေးတဲ့၊မကြုံ သေးတဲ့ အနာဂါတ်ကို တွေး ပြီး စိတ်ပူ လွန်း  တဲ့ လူမျိုးတွေ ဟာ အဆိုးမြင် စိတ် ပိုများပါတယ်။အသက် (၅၅)နှစ် ကျော် လောက်ရှိ တဲ့ လူ အ ယောက် (၃၅၀) ကို လေ့လာ ကြည့်ခဲ့ပါတယ်။ဦးနှောက်ကို Scan ဖတ် ထားတဲ့ ရလဒ် အရ ဆိုရင် အဆိုးမြင်စိတ် များလွန်းတဲ့ သူတွေ ရဲ့ ဦး နှောက် ထဲမှာဆိုရင် tau  နဲ့ beta amyloid ဆိုတဲ့ အန္တရာယ်ရှိတဲ့ ပရို တင်းနှစ်မျိုးက ပိုပြီး များ နေတာကို တွေ့ ရ ပါတယ်။အဲ့ဒီပရိုတင်းတွေ ကတော့ အယ်လ်ဇိုင်းမား ရောဂါ ကို ဖြစ်စေနိုင်ပါတယ်။

READ
ရှလကာရည်ကို အ၀တ်လျှော်စက်ထဲ ထည့်ခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ
Image:pixabay/TheDigitalArtist
အဆိုးမြင်စိတ် များလွန်းတဲ့ လူတွေရဲ့ ဦးနှောက်ထဲမှာ ဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့ Tau နဲ့ Beta တို့ က ပိုပြီး များ နေတဲ့ အပြင် ၊မ ကောင်းတဲ့မှတ်ဥာဏ် တွေ ကြောင့် အမှား အမှန် ဝေဖန် ပိုင်းခြားနိုင်တဲ့ စိတ် နည်း ပါး လာ တာကို လည်း သု တေသီတွေ က တွေ့ခဲ့ပါတယ်။ထပ်ပြီးတော့ စိုးရိမ်ပူပန်စိတ်၊စိတ်ဖိစီးမှုတွေ ကို စစ်ဆေး တဲ့ အခါ မှာလည်း အဲ့လို လူမျိုးတွေ ဟာ ဝေဖန်ပိုင်းခြားနိုင်စွမ်း နည်းပါးတယ်ဆိုတဲ့ အချက်ကိုပါ တွေ့ ခဲ့ပါတယ်။ဒါ ပေမယ့်  စိတ်ကျ ရောဂါ နဲ့ စိုးရိမ်ပူပန်စိတ် များလွန်းတဲ့ လူတွေ မှာတော့ tau နဲ့  amyloid ပိုများလာ တာမျိုး တော့ မ တွေ့ ခဲ့ပါဘူး။သု တေသီတွေ က တော့ အယ်လ်ဆိုင်းမားနဲ့ အဆိုးမြင်စိတ် ဆက်စပ် မှု ရှိ ရမယ်လို့ ယူ ဆ နေ ကြပါတယ်။ တခြား လေ့လာ တွေ့ရှိချက်တွေ မှာေ တာ့ စိတ်ကျ ရောဂါနဲ့ စိုးရိမ်ပူပန်လွန်းတဲ့ လူမျိုး တွေ ဟာ စိတ် ဖောက်ပြန်နိုင် ချေ ပိုများတယ်လို့ ဆိုပါတယ်။လူတော် တော် များများက  စိုးရိမ်စိတ် တွေ နဲ့ မ ကောင်းတဲ့ အဆိုးမြင် စိတ် တွေ က ဦး နှောက်ကို တိုက်ရိုက် ထိခိုက် စေတယ်ဆိုတဲ့ အချက်ကို သတိ မထား မိ ကြ ကြောင်းနဲ့ ဒါဟာ အရမ်းကို အန္တရာယ်များ တယ်လို့ သု တေသီ တစ်ဦးက ပြောခဲ့ပါတယ်။
စိတ်ညစ်စရာ တွေ တွေး၊ အဆိုးမြင်စိတ် နဲ့ ဖြတ်သန်း လဲ တစ်နေ့ (၂၄)နာရီ၊ပျော်စရာ လေးတွေ နဲ့ ဖြတ် သန်း လဲ တစ်နေ့ (၂၄)နာရီ ပဲ ဆိုတော့ ဘ၀ကို ပျော် ပျော် ဖြတ်သန်းကြ ရ အောင်…။
Image:shutterstock/By vectorfusionart
#SHWEMOM
SHARE