ညဘက်အချိန်မတော်မှာ ကြားလိုက်ရတဲ့ အသံတွေကြောင့် ရဲခေါ်မိခဲ့တဲ့ ဟာသဆန်ဆန်ဖြစ်ရပ်

[email protected] Garnett

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ Hillsborough မြို့မှာ ညဘက်ကြီး ကြားနေရတဲ့ အသံတွေကြောင့် လူသတ်နေတယ်ထင်ပြီး အိမ်နီးနားချင်းမိသားစုမှာ ရဲတိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Devon Garnett လို့ အမည်ရတဲ့ အမျိုးသားရဲ့ အိမ်ကနေ သေနတ်နဲ့ ပစ်ခိုင်းတဲ့ အသံတွေ၊ အကြမ်းဖက်နေတဲ့ ပုံစံလိုမျိုးအသံတွေ ကြားရတာကြောင့် Devon ရဲ့ အိမ်နီးနားချင်း မိသားစုတစ်ခုဟာ 911 ကို ဖုန်းဆက်ပြီး တိုင်ကြားခဲ့တာကြောင့် ရဲတွေ ချက်ချင်းရောက်လာပြီး Devon တို့ အခန်းထဲကို ဝင်ရောက်စစ်ဆေးမှုတွေ ရှိခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

POWER MOVES ONLY 🔥

A post shared by Tampa Bay Lightning (@tblightning) on

တစ်ကယ်တမ်းတော့ Devon နဲ့ သူ့သူငယ်ချင်းတစ်အုပ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၃.၉.၂၀၂၀)ညတုန်းက Stanley Cup ဟော်ကီဖိုင်နယ်ပွဲစဉ်ကို ကြည့်ရှု့နေတာဖြစ်ပြီး သူတို့အားပေးတဲ့ အသင်းကတော့ Tampa Bay Lighting အသင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ကြည့်ရှု့နေတဲ့အချိန်မှာ Devon နဲ့ သူ့သူငယ်ချင်းတွေဟာ ဆူညံစွာ အော်ဟစ်အားပေးခဲ့ကြသလို Tampa Bay Lighting အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ Steven Stamkos ကို အားမလိုအားမရတွေဖြစ်ပြီး ဂိုးသွင်းဖို့ “Shoot…Shoot…Shoot, I dare to shoot” အစရှိတဲ့ စကားတွေကို အော်ကြီးဟစ်ကျယ်ပြောပြီး အားပေးခဲ့ကြပါတယ်။

READ
အမှိုက်ပုံးက အဖုံးနဲ့ တစ်ယောက်တစ်လှည့်စီ အရိုက်ခံပြီး ပျော်နေကြတဲ့ အကဲလေးများ
[email protected] Garnett

ဒီလိုအသံတွေကို ကျယ်လောင်စွာကြားနေရတဲ့ အိမ်နီးချင်းမိသားစုကတော့ Devon တို့ အန္တရာယ်ဖြစ်နေတယ်လို့ထင်ပြီး ရဲစခန်းကို ဖုန်းဆက်သတင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲတွေဟာ ချက်ချင်းရောက်လာခဲ့ပြီး Devon တို့ အခန်းကို ရုတ်တရက်ကြီး ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ Devon တို့ ခမျာမှတော့ အကြောင်းစုံမသိရတဲ့ အတွက်ကြေင့် ကြောင်တောင်တောင်တွေ  ဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှ အဖြစ်မှန်ကို သိတဲ့အခါမှာတော့ ရဲအရာရှိတွေကို ရယ်ပြီး ရှင်းပြခဲ့ကြပါတယ်။ အိမ်နီးနားချင်း မိသားစုကတော့ သူတို့မှားမှန်းသိခဲ့တဲ့အတွက်ကြောင့် Devon ထံသို့ တောင်းပန်စာတစ်စောင်နဲ့ လက်ဆောင်တစ်ချို့ကို ပေးခဲ့ကြောင်း သိရပါတယ်။

[email protected] Garnett

“အမှန်တစ်ကယ်တော့ ကျွန်တော်တို့က လွန်သွားတာပါ။ ညဖက်ကြီး အော်ကြီးဟစ်ကျယ်တွေ အားပေးနေတော့ အိမ်ပတ်ဝန်းကျင်က တစ်မျိုးမြင်မှာပေါ့။ အခုဖြစ်စဉ်မှာတော့ ကျွန်တော်ဟာ တစ်ကယ့်အိမ်နီးချင်းကောင်းတွေကို ပိုင်ဆိုင်ထားရတဲ့ လူတစ်ယောက်ဖြစ်မှန် သိလိုက်ရပါပြီ”လို့ Devon က ပြောကြားခဲ့ပါတယ်။

READ
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကမ္ဘာ့နံနံပင်မုန်းတီးရေးနေ့ဆိုတာ သင်သိပါသလား

Pyi Hein Kyaw

SHARE