မီးလောင်နေတဲ့ အိမ်ထဲမှာ အိပ်မောကျနေတဲ့ မိသားစုကို အချိန်မီ ကယ်တင်ခဲ့တဲ့ အဘွားအို

Youtube-Woman saves neighbors from house fire in Avondale

လူတိုင်းမှာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ အိမ်နီးချင်းဆိုတာ ရှိစမြဲပါပဲ။ တစ်ချို့လူတွေကတော့ အိမ်နီးချင်းတွေနဲ့ မိတ်ဆွေဖွဲ့ရတာမျိုးတွေ၊ ရင်းရင်းနှီးနှီးနေရတာမျိုးတွေကို မကြိုက်ကြပါဘူး။ တစ်ကယ်တော့ ဘယ်သူမဆို ကိုယ့်ရဲ့ အိမ်အနီးအနားမှာရှိတဲ့ အိမ်နီးချင်းတွေနဲ့ တည့်အောင် ပေါင်းသင်းဆက်ဆံထားရမှာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်သူမဆို ကိုယ်ဒုက္ခရောက်တဲ့ အချိန်မှ သိကြတာပါပဲ။ အခုလည်း အမေရိကန်နိုင်ငံက အိမ်နီးချင်း အမျိုးသမီးကြီးတစ်ဦးဟာ မီးလောင်နေတဲ့ အိမ်တစ်အိမ်က မိသားစုတစ်ခုလုံးကို အချိန်မီကယ်တင်နိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့ ဖြစ်ရပ်ကတော့ အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ်ရှိ Avondale မြို့ရှိ Nicole Salgado တို့ရဲ့ အိမ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မနက် ၇ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်နေတဲ့ အချိန်မှာ Nicole ရယ်၊ သူမရဲ့ ခင်ပွန်းဖြစ်သူ David ရယ်နဲ့ ကလေး ၄ ယောက်စလုံးဟာ အိပ်ပျော်နေတာ ဖြစ်ပါတယ်။ Nicole တို့အိမ် မီးလောင်နေတာကို စတင်သတိထားခဲ့မိတဲ့ လူကတော့ သူတို့ရဲ့ အိမ်နီးချင်း အမျိုးသမီးကြီး Carolyn Palish ပဲ ဖြစ်ပါတယ်။ Carolyn ဟာ တံခါးကို အဆတ်မပြတ် ထုရိုက်ပြီး Nicole တို့ကို နှိုးခဲ့သလို တံခါးဘဲလ်ကိုလည်း အဆတ်မပြတ်တီးနေခဲ့တာ ဖြစ်ပါတယ်။

READ
ကြောင်တွေနဲ့မြောင်သံကို ဘာသာပြန်ပေးနိုင်တဲ့ MeowTalk
Youtube-Woman saves neighbors from house fire in Avondale

 

@nicolenevarez5We are so thankful to just be alive. Our GoFundMe linked in bio, just by sharing would help #fyp #foryoupage #share #thankful #anythinghelps♬ Surrender – Natalie Taylor

“ရုတ်တရက် အိပ်နေတုန်း တံခါးထုသံတွေကော၊ ဘဲလ်တီးသံတွေကော အဆတ်မပြတ်ဆူညံနေလို့ ရုတ်တရက် လန့်နိုးလာခဲ့တာပါ။ နိုးနိုးချင်း ကျွန်မတို့ရဲ့ အိမ်နီးချင်း Carolyn ရဲ့ အသံကြောင့် ကျွန်မတို့အိမ် မီးလောင်နေမှန်းသိလိုက်ရပါတယ်။ ဒါ့ကြောင့် ချက်ချင်း David ကိုနှိုးပြီး ကလေးတွေကိုပါနှိုးကာ အိမ်အပြင်ကို ပြေးထွက်လာခဲ့ကြပါတယ်။ အိမ်အပြင်ရောက်တော့ ကားဂိုထောင်က မီးအကြီးအကျယ်လောင်နေတဲ့အပြင် အဲဒီမီးက ကျွန်မတို့ အိမ်ခေါင်မိုးကိုပါ မီးစွဲနေပါပြီ။ Carolyn ကြောင့် ကျွန်မတို့ တစ်မိသားစုလုံး အသက်ရှင်ခဲ့ရတာပါ။ သူဟာ ကျွန်မတို့ရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲ”လို့ Nicole က CNN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် Nicole တို့ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးနီးပါးဟာ မီးထဲပါသွားခဲ့ရပါတယ်။ အခုဆိုရင် GoFundMe က Nicole တို့ မိသားစုကို ဝိုင်းဝန်းကူညီလှူဒါန်းမှုကြောင့် အလှူငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၇,၀၀၀ ကျော် ရရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

READ
ဆံပင်အလှ တစ်ခါလေးပြင်ဖို့အတွက် မိုင်(၇၀၀)ကျော်ခရီးကို သွားခဲ့တဲ့ အမျိုးသမီး
GoFundMe

Pyi Hein Kyaw

SHARE