Netflix ကတော့ လတိုင်းလိုလို ရှိုးအသစ်တွေအမြဲတမ်းတင်ပေးနေကျဖြစ်တဲ့ streaming service တစ်ခုပါ။ နိုင်ငံတကာမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသလို မြန်မာမှာလည်း အခုနောက်ပိုင်း လူငယ်တော်တော်များများ အသုံးပြုနေကြပါပြီ။
ပြီးခဲ့တဲ့ မေလ၊ ၂၄ ရက်နေ့တုန်းက The Perfection ဆိုတဲ့ ရှိုးတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ Netflix ရဲ့ နောက်ဆုံးထွက်ထားတဲ့ horror ကားအသစ်လို့ဆိုနိုင်ပြီး သူ့ရဲ့ Trailer ကို ကြည့်ရုံနဲ့တင် လူတော်တော်များများက အော်ဂလီဆန်နေပြီလို့ မှတ်ချက်ပေးနေကြပါတယ်။

မင်းသမီး Allison Williams ဟာ Charlotte အနေနဲ့ အဓိကပါဝင်ထားပြီး Netflix မင်းသမီးတစ်လက်ဖြစ်တဲ့ Logan Browning ကတော့ Lizzie အနေနဲ့ ပါဝင်နေပါတယ်။ နှစ်ယောက်စလုံးကို တစ်ကျောင်းတည်းအတူတူတက်နေတဲ့ ပါရမီရှိတဲ့ဂီတပညာရှင်တွေအဖြစ် ဇာတ်လမ်းတည်ထားတာပါ။
View this post on Instagram
View this post on Instagram
သည်းထိတ်ရင်ဖိုကိုမှ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ ခပ်သွက်သွက်ဇာတ်မျိုးဖြစ်လေတော့ ကြည့်ရှုရသူတွေအတွက် ခံစားချက်တစ်တန်းတည်းမဖြစ်စေဘဲ စိတ်အာရုံကိုဖမ်းစားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပိုင်းကို Netflix ကအတိုင်း ဖော်ပြရမယ်ဆိုရင်တော့ အတိတ်တုန်းက သူမနှစ်သက်အားကျခဲ့ရပြီး ဦးစားပေးခံခဲ့ရသူတစ်ယောက် ဆရာတွေနဲ့ပြန်ဆုံတွေ့ခဲ့ပေမယ့် အပေါ်အရင်လိုမဟုတ်တော့ဘဲ နောက်ထပ်ကျောင်းသူအသစ်တစ်ယောက်ကို သူမထက်ပိုတဲ့ အာရုံစိုက်မှုတွေပြုလုပ်တာကို မျက်မြင်ခံစားရပြီးနောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဇာတ်အိမ်တည်ထားခဲ့တာပါ။
လူဆိုတာမျိုးက ဘဝရဲ့အပြောင်းအလဲတွေကို ခံနိုင်ရည်အားမရှိကြတာ သဘာဝပါပဲ။ ဒီမှာလည်း လေးစားအားကျရတဲ့လူတစ်စုရဲ့ အာရုံစိုက်ခြင်းကို ခံနေရပြီးကာမှ ရုတ်တရက်ဆိုသလို အဲဒီအာရုံစိုက်မှုတွေ တခြားလူတစ်ယောက်ဆီကို အလွှဲခံလိုက်ရတဲ့အခါ ကြံမိကြံရာတွေကြံပြီး တလွဲတွေဖြစ်ကုန်တာကို အသည်းတယားယားတွေ့ရမှာဖြစ်ပါတယ်။
ဇာတ်ကားကောင်းဖြစ်ပေမယ့် ဘာကြောင့် ထွေလာကြည့်လိုက်တာနဲ့ အော်ဂလီဆန်ချင်သွားတာလဲဆိုတာကို အဖြေရှာဖို့ အောက်ကဗီဒီယိုလေးကို ကိုယ်တိုင် ကြည့်လိုက်ကြပါဦးနော်။
Penny