သရဲနဲ့ လက်ထပ်တဲ့ ရိုးရာဓလေ့ကို အခြေခံရိုက်ထားတဲ့ ‘The Ghost Bride’

Image Source:Netflix

မကြာခင်မှာတော့  ပရိသတ်တွေ သေချာ ပေါက်အကြိုက်တွေ့ အုံးမယ့် Netflix ရဲ့ စီးရီး သစ် ထွက်လာဖို့ ရှိပါတယ်။သက်ရှိလူတစ်ယောက်ကို သေဆုံးသွားတဲ့ ၀ိဥာဉ် ၊သရဲ နဲ့လက်ထပ် ပေးတဲ့ အကြောင်းကို ရိုက်ကူး ပုံဖော်ထားတဲ့  “The Ghost Bride” ဆိုတဲ့ စီးရီးပါ။ဒီ စီးရီးကတော့ (၂၀၁၃)ခုနှစ်က New York Times ရဲ့ အရောင်းရဆုံး ၀တ္ထု တစ်အုပ်ဖြစ်ခဲ့တဲ့ မ လေးရှားစာရေး ဆရာမ Yangsze Choo ရဲ့ “The Ghost Bride”  ကို စီးရီး အဖြစ် ပြန်ရိုက်ထားတာပါ။

Image Source :Netflix’

ဆရာမ Yangsze Choo  ကတော့ သူတို့ရဲ့  ဒေသခံ သတင်းစာတွေမှာ သရဲ နဲ့ လက်ထပ်တဲ့ ဖြစ်ရပ် မှန် အကြောင်းအရာတွေကို မှီငြမ်းပြီး ဒီဝတ္ထုကို ရေးသားခဲ့တာလို့ ဆိုပါတယ်။ သတင်းစာတွေမှာ ဒါမျိုးဖြစ်ရပ်ကို ရေးထားတာ ဖတ်ဖူးတယ်။နောက်ပိုင်းမှာ သရဲနဲ့ လက်ထပ်တဲ့ အကြောင်းအရာ တွေ အများကြီးကို ဖတ်ရတယ်။အရင်က ဆိုရင် ကျမရဲ့ စင်ကာပူက သူငယ်ချင်းတွေက သူဦးလေးနဲ့ သရဲ နဲ့ မင်္ဂလာ ပွဲပါ လုပ်ပြီး လက်ထပ် တယ်လို့ ကျမကို ပြောပြ ဖူးတယ် လို့  Choo  က ပြော ခဲ့ပါတယ်။

READ
ခပ်မိုက်မိုက် ဦးတစ်ယောက်လို ပုံစံနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်တဲ့ မင်းဦး
Image Source :Netflix’

သရဲနဲ့ လက်ထပ်တယ်ဆိုတာ ဟိုး ရှေးရှေးတုန်းက ရှိခဲ့ဖူးတဲ့ တရုတ်ရိုးရာဓလေ့ တစ်ခု ပါ။လက်တွဲ ဖော်နှစ်ယောက်လုံးက သေတာ (ဒါမှမဟုတ်) တစ်ယောက်ကပဲ သေတဲ့ အခါ မျိုးမှာ လက်ထပ်ပေးတာမျိုးပါ။ပြင်သစ်နဲ့ တောင်ဆူဒန်တို့မှာလည်း အဲ့လို ရိုးရာဓလေ့မျိုး ရှိခဲ့ဖူးပါတယ်။BBC ရဲ့ သတင်းတစ်ပုဒ် မှာဆိုရင် တော့ ဒီလို သရဲနဲ့ လက်ထပ်တယ်ဆိုတဲ့ ရိုးရာဓလေ့ မျိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) လောက်က ရှိဖူးတယ်လို့ ဆိုပါတယ်။

Image Source :Netflix’

ဇာတ်လမ်း အကျဉ်းကို အနည်းငယ်ပြောရမယ်ဆိုရင်တော့…(၁၈၉၀)ခုနှစ် ကာလ လောက်က အချိန်ကို ဇာတ်အိမ်ထားရိုက်ထားတာပါ။ Li Lan ဆိုတဲ့  မိန်းကလေးကို  မကြာသေးခင်က ကွယ်လွန်သွားတဲ့ လူချမ်းသာ Lim မိသားစုရဲ့ သားနဲ့ လက်ထပ်ခိုင်းခဲ့ပါတယ်။Li Lan နေရာမှာတော့ ထိုင်ဝမ်မင်းသမီး Huang Peijia က သရုပ်ဆောင်ထားပါတယ်။Li ရဲ့ မိသားစု အကြွေး နစ် နေတဲ့ ဘ၀ကို ကယ်ဖို့ ကမ်းလှမ်း ချက်ကို လက်ခံ လိုက်ပြီးနောက်မှာတော့ ယူထားမိတဲ့ သရဲ ခင်ပွန်းက သူမကို တောက်ေ လျာက် လိုက်လံ ခြောက်လှန့် နှောင့်ယှက် မှုကို ခံခဲ့ရပါတယ်။Tian Ching က မသေခင်တည်းက ပွဲတော်တစ်ခုမှာ Li Lan ကို မြင်ပြီး လက်ထပ်ဖို့ တောင်းဆိုခဲ့ဖူးသူပါ။ဒီဇာတ်ကားမှာတော့ Huang Peijia, Wu Kang Ren နဲ့  Ludi Lin  တို့ ပါဝင် မှာပါ။“The Ghost Bride” ကိုတော့ Netflix  မှာ ဇန်န၀ါရီ (၂၃)က စပြီး ပြသမှာပါ။

READ
ပင်လယ်ဟာကိုယ်ပါလို့ ဆိုလာတဲ့ လုလုအောင်

 

SHARE