ချမ်းနေတဲ့ အချိန်မှာ အတိုအပြတ်ဆင်ပေးလို့ Momo ရဲ့ Stylist ဝေဖန်ခံ နေရ

Image:twitter/@momodets

Seoul Music Awards ပွဲကြီးကိုတော့ ဇန်န၀ါရီ (၃၀)ရက်နေ့က ဆိုးလ်မြို့ Gocheok Sky Dome မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်နဲ့ဆိုရင်တော့ (၂၉))ကြိမ်မြောက် ကျင်းပပြုလုပ်တာပါ။ ပြီးခဲ့တဲ့ နှစ်က ဂီတ လောကမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ အနုပညာလက်ရာတွေနဲ့ ဖန်တီးခဲ့သူ ဂီတ သမား တွေကို ဆု ချီးမြှင့်တဲ့ပွဲလေးပါ။ ဒီပွဲမှာတော့  Shin Dong yup, Jo Boah နဲ့ Super Junior က Kim Heechul တို့က အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင် ပေးခဲ့ကြပါတယ်။ ပွဲမှာတော့ ဆယ်လီတွေ က သူ့ထက် ငါ လန်းတဲ့ ဖက်ရှင်တွေနဲ့ တက်ရောက်ခဲ့ပါတယ်။ Twice အဖွဲ့ဝင် Momo Hirai ကလည်း သူမရဲ့ Stylist ဆင်ပေးလိုက်တဲ့ ဖက်ရှင် နဲ့ ပွဲတက်ခဲ့ပါတယ်။

Image:twitter/@momodets
Image:twitter/@momodets

သူမရဲ့ ဖက်ရှင် ကြောင့် Fan တွေ က Momo ရဲ့  Stylist ကို ၀ိုင်းပြီး ပြစ်တင် ပြောဆိုနေကြပါတယ်။ Momo ရဲ့ ၀တ်စုံက လှလည်းလှ သူမနဲ့လည်း လိုက်ဖက် ပါတယ်။ ဒါပေမယ့်လည်း ရာသီဥတု အေးနေတဲ့ အချိန်မှာတော့ မ ရွေးချယ်သင့်တဲ့ ၀တ်စုံမျိုးပါ။ ၀တ်စုံရဲ့ အပေါ်မှာ အနည်းဆုံးတော့  ခြုံ တဲ့ ကုတ်လေးပဲ ဖြစ်ဖြစ် ထပ်ဝတ်ပေးသင့်တယ်ဆိုပြီး Fan တွေ က ပြောခဲ့ပါတယ်။

READ
ဆယ်လီတွေရဲ့ ချွတ်စွပ်တူတဲ့ ကိုယ်ပွားများ
Image:twitter/@momodets
Image:twitter/@momodets

Momo ကော်ဇောနီထက်ကို လျှောက်နေတဲ့ အချိန်မှာတော့ အပြင်က ရာသီဥ တု က အေးနေပါတယ်။ အပူချိန်က  0°C ပါ။ ဒီလို ရာသီဥတုမှာ အတို လက်ပြတ်ကို ဆင်ပေးလိုက်တဲ့ အတွက် သူမရဲ့ Stylist ကို Fan တွေ ဒေါပွ နေကြပါတယ်။

Image:twitter/@momodets
Image:twitter/@momodets

Momo ကို ကြည့်ရတာလည်း အေးနေတဲ့ ပုံမျိုးပါ။ အအေးသက်သာအောင် လက်နှစ်ဖက်ကို ပိုက်ထား တဲ့ ပုံတွေ၊ဘေး မှာရှိတဲ့ Jihyo က ချမ်းနေတဲ့ Momo ခါးကို ဖက်ပေးတဲ့ ဗီဒီယိုဖိုင်တွေ လည်း အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

Image:twitter/@momodets

ဂီတဆု ပေးပွဲတွေမှာတော့ ထုံးစံအတိုင်း BTS ကပဲ Daesang (grand prize)  ဆုကို သိမ်းပိုက်ခဲ့ပါတယ်။ Girls’ Generation ရဲ့ Taeyeon ကတော့ Daesang (digital music) ကို ရခဲ့ပါတယ်။

Winner Lists

Judges’ Special Award: Song Gain
Band Award: Daybreak
Hip Hop R&B Award: Kassy
Ballad Award: Kim Jaehwan
Dance Performance Award: Ha Sungwoon
OST Award: Taeyeon
Discovery of the Year: Kim Hyunchul
QQ Music Popular K-Pop Artist Award: EXO
Popularity Award: EXO
Hallyu Star Award: EXO


Rookie Award: TXT, ITZY, AB6IX
Bonsang (main awards): BTS, Taeyeon, Super Junior, EXO, TWICE, Red Velvet, NU’EST, MONSTA X, MAMAMOO, Chungha, Paul Kim, NCT Dream
Daesang (physical album): BTS
Daesang (digital music): Taeyeon

READ
Hailey Baldwin နဲ့ စေ့စပ်သတင်းကို အတည်ပြုလိုက်တဲ့ Justin Bieber

Source:Allkpop

SHARE