ထိုင်းနိုင်ငံတွင်းက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Neung ဆိုသူ အမျိုးသားဟာ သူမွေးထားတဲ့ ကြောင်လေးကို ထူးထူးဆန်းဆန်း အိုင်ဒီယာ တစ်မျိုးနဲ့ ဓာတ်ပုံရိုက်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။
သူက သူ့ရဲ့ကြောင်လေးကို ပင့်ကူလူသား အရုပ်တစ်ရုပ်နဲ့ တွဲဖက်ပြီး ဓာတ်ပုံရိုက်ပေးခဲ့တာပါ။ ကြောင်လေးရဲ့ အမူအရာတွေအပြင် အရုပ်လေးရဲ့ သက်ရောက်မှုတွေက Neung ကို ဆိုရှယ်မီဒီယာပေါ်မှာ ချက်ချင်းပဲ နာမည်ကြီးသွားစေခဲ့ပါတယ်။
Neung ရဲ့ ဖန်တီးမှုတွေကို ကြည့်ကြသူအများစုကတော့ ဒီပုံတွေဟာ Neung ရဲ့ ဓာတ်ပုံစွမ်းရည် ကို ပြသနေတဲ့ ပုံတွေဖြစ်ပြီး ထူးခြားတဲ့ ခံစားမှုမျိုး၊ ပျော်ရွှင်မှုမျိုးကို ရတယ်လို့ ချီးကျူးခဲ့ကြပါတယ်။
ဒီ ပုံတွေကြောင့် Neung ကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာမှာ အားပေးသူတွေအများကြီး ရခဲ့ပြီး သူ့ရဲ့ ဓာတ်ပုံတွေကို ပြန်လည်ဝေမျှသူတွေလည်း ထောင်ချီပြီး ရှိခဲ့တာပါ။
ကဲ…..Neung ရဲ့ ဖန်တီးမှုတွေက ဘယ်လို မျိုးတွေလဲဆိုတာ အောက်မှာ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်နော်….။











Linn