ဒူဘိုင်းနိုင်ငံမှာ လုပ်ခွင့်မပြုတဲ့ ရှောင်ကြဉ်သင့်တဲ့ အပြုအမှုများ

shutterstock/By shutterlk

ဒူဘိုင်းဟာ ကမ္ဘာတစ်ဝှမ်းလုံးက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒူဘိုင်းကို အလည်သွားတော့မယ် ဆိုရင် သူတို့ရဲ့ယဉ်ကျေးမှုကို ကြိုတင်လေ့လာထားတာဟာ ပိုကောင်းပါတယ်။ အောက်ဖက်မှာတော့ ဒူဘိုင်းကို အလည်သွားတဲ့အခါ ဘယ်လိုအပြုအမူမျိုးတွေကို ရှောင်ကြဉ်ထိုက်တယ်ဆိုတာ တင်ပြပေးထားပါတယ်။

လုံလုံခြုံခြုံ ၀တ်ဆင်ပါ

ဒူဘိုင်းမှာ ဖက်ရှင်နဲ့ ပတ်သက်လို့ သီးသန့်ဥပဒေ ထုတ်ပြန်ထားတာမရှိပေမယ့် သူတို့ရဲ့ဝတ်စားဆင်ယင်ပုံကို လေးစားတဲ့သဘောနဲ့ လုံလုံခြုံခြုံ ၀တ်ဆင်သင့်ပါတယ်။

အများမြင်ကွင်းမှာ အရက်မသောက်ပါနဲ့

24hviralphotos

အများမြင်ကွင်းမှာ အရက်သောက်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ နိုင်ငံခြားသား နေထိုင်သူတွေကတော့ အိမ်မှာသောက်နိုင်ပြီး တိုးရစ်တွေကတော့ လိုင်စင်ရဟိုတယ်တွေမှာ သောက်နိုင်ပါတယ်။ အရက်သောက်ပြီး ကားမောင်းလို့ မရပါဘူး။ သွေးထဲမှာ အရက်ပမာဏ နည်းနည်းလေးတွေ့တာနဲ့ ကြီးလေးတဲ့အပြစ်ဒဏ် ခံရမှာပါ။

ဆေးဝါးအသုံးမပြုပါနဲ့

ဒူဘိုင်းရဲတွေဟာ ဆေးဝါးအသုံးပြုမှုနဲ့ ပတ်သက်လို့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ်။ အိတ်ထဲမှာ အကိုက်ခဲပျောက်ဆေးတွေ့ရုံနဲ့ ထောင်ထဲဝင်ရတဲ့သူတွေ အများကြီးပါ။ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဘယ်အရာမဆို တရားမ၀င်ဘူးလို့ သတ်မှတ်ထားပါတယ်။

READ
အပျိုဖြစ်နေခြင်းဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း ဖွင့်ပြောလာခဲ့တဲ့ blogger အမျိုးသမီး

လမ်းပေါ်မှာသီချင်းဆို၊ ကခုန်တာမျိုးမလုပ်ပါနဲ့

24hviralphotos

လမ်းတွေမှာ စကားအကျယ်ကြီးပြောခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်းတို့ကိုတားမြစ်ထားပါတယ်။

လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းရှုံ့တာ မပြုလုပ်ပါနဲ့

ဒူဘိုင်းနိုင်ငံဟာ လူမြင်ကွင်းမှာ ပွေ့ဖက်နမ်းရှုံ့တာကို ရိုင်းပျတယ်လို့ ယူဆပါတယ်။ ကမ်းခြေမှာ ပွေ့ဖက်နမ်းရှုံ့နေကြတဲ့အင်္ဂလန်နိုင်ငံသား စုံတွဲတစ်တွဲကို ရဲတွေက ဖမ်းဆီးခဲ့တယ်ဆိုတဲ့အကြောင်း ကောလဟာလတွေ ရှိဖူးပါတယ်။

ခွင့်ပြုချက်ယူပြီးမှ လူတွေကို ဓာတ်ပုံရိုက်ပါ

ရှုမျှော်ခင်းတွေ မိုးမျှော်အဆောက်အဦးတွေ အပါအ၀င် ဒူဘိုင်းရဲ့ အလှအပတွေကို ဓာတ်ပုံရိုက်ကူး နိုင်ပါတယ်။ ဒါပေမယ့်လူတွေကို ဓာတ်ပုံရိုက်တဲ့အခါ (အထူးသဖြင့် အမျိုးသမီးတွေ) ခွင့်ပြုချက်တောင်းပြီးမှ ဓာတ်ပုံရိုက်သင့်ပါတယ်။

ဆဲရေးတိုင်းထွာတာမျိုး မလုပ်ပါနဲ့

shutterstock/By STUDIO GRAND WEB

ဒူဘိုင်းမှာ ဆဲရေးတိုင်းထွာတာကို မနှစ်ခြိုက်ပါဘူး။ ကြမ်းတမ်းတဲ့ စကားလုံးတွေ အသုံးပြုတာလည်း ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့်ရင် ဒဏ်ငွေတောင် ဆောင်ရပါလိမ့်မယ်။ နောက်ပြီး ဒူဘိုင်းနိုင်ငံသားတွေ ကိုးကွယ်တဲ့ ဘာသာရေးကို ပုတ်ခုတ်တဲ့ပုံစံမျိုး မပြောမိအောင်လည်း လုံးဝ သတိထားသင့်ပါတယ်။

READ
သေနတ်နဲ့အချိန်ခံရတဲ့ အမျိုးသမီးကို အသက်ပေးပြီး ကယ်သွားခဲ့တဲ့ (၆၁) နှစ်အရွယ်အဖိုး

လင်းလင်း (ShweMom)

Ref: 24hviralphotos

 

SHARE