လေယာဉ်စီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

လေယာဉ်စီးနေစဉ်မှာ ကျန်းမာရေးပြဿနာ တစ်ခုခုကြုံလာပြီဆိုရင် အလွန်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ပြစရာ ဆရာဝန် မရှိ ၊ သောက်စရာဆေး အစုံအလင် မရှိနဲ့ ကရိကထလည်း များလွန်းပါတယ်။ ဒီလိုအဖြစ်တွေကို ကြိုတင်ရှောင်ရှားနိုင်ဖို့ လေယာဉ်စီးပြီး ခရီးနှင်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) သွားကိုက်ခြင်း

ခရီးသည်တွေဟာ လေယာဉ်မစီးခင် တစ်ရက်အလိုမှာ သွားဆေးခန်းမသွားသင့်ပါဘူး။ လေယာဉ်ပေါ်လိုက်ပါမယ့် လေကြောင်းဝန်ထမ်းတွေကိုတော့ လေယာဉ်လိုင်းတွေက တာဝန်မထမ်းဆောင်ခင် (၂၄)နာရီကြိုပြီး သွားဆေးခန်းမသွားဖို့ အမိန့်ထုတ်ထားကြပါတယ်။ အဓိကအကြောင်းအရင်းတော့ လေယာဉ်မစီးခင် သွားနှုတ်ထားတာ, သွားဖာထားတာ စသဖြင့် တစ်ခုခုပြုလုပ်ထားရင် သွားမှာ အလွန်သေးငယ်တဲ့ အခေါင်းပေါက်လေးတွေ ဖြစ်နေတတ်ပါတယ်။ အမြင့်တစ်နေရာပေါ် လေယာဉ်ပျံသန်းနေစဉ်မှာ မတူညီတဲ့လေဖိအားကြောင့် အဲ့ဒီ အခေါင်းပေါက်လေးတွေထဲမှာ လေခိုလေ့ရှိပြီး မခံမရပ်နိုင်အောင် သွားနာကျင်ကိုက်ခဲ့လေ့ရှိတတ်လို့ပါ။ လူတိုင်း ခံစားကြုံတွေ့ဖူးတဲ့ ဝေဒနာမဟုတ်ပေမယ့်လည်း ခံစားဖူးတဲ့ လေယာဉ်စီးခရီးသည်တွေကတော့ ‘သွားဟာ ပြောပြလို့မတတ်လောက်အောင်ကို နာကျင်ကိုက်ခဲပြီး ဆေးဘယ်လောက် သောက်သောက် နာကျင်မှု ဟာ မပျောက်သွားပါဘူး’ လို့ သတိပေး မှာကြားထားပါတယ်။

Junior Dentist

(၂) မကြာခဏ လေလည်ခြင်း

လေယာဉ်ပျံစီးခြင်းဟာ ခရီးသည်တွေရဲ့ လေလည်တဲ့နှုန်းကို ပိုမိုများပြားစေပါတယ်။ ကိုပင်ဟေဂင်တက္ကသိုလ်က ပရော်ဖက်ဆာ ဂျက်ကော့ဘ်ရိုဆင်ဘက်ကတော့ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဟာ လေယာဉ် ကိုယ်ထည်အတွင်းက လေထုဖိအား လျော့နည်းသွားခြင်းကြောင့်လို့ ဆိုပါတယ်။ လေယာဉ်စီးနေစဉ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ဂတ်စ်တွေဟာ ၃၀ ရာခိုင်နှုန်းခန့် ပိုမိုပြန့်ကားလာလေ့ရှိပါတယ်။ လေယာဉ်ပေါ်မတက်ခင် လေဆိပ်မှာဖြစ်စေ ၊ လေယာဉ်ပေါ်မှာဖြစ်စေ ကာဘိုဟိုက်ဒရိတ်ပါတဲ့ အစာတွေကို ပိုမိုစားသုံးပြီး ဖိုင်ဘာပါတဲ့ အစာတွေကို  လျှော့စားခြင်းဖြင့် ဒီပြဿနာကို ကြိုတင်ကာကွယ်လို့ ရပါတယ်။ တလောကပဲ လေယာဉ်စီးခရီးသည်တစ်ဦး လေယာဉ်ပေါ်မှာ လေအလွန်အကျွံလည်နေလို့ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သိလိုက်ရပါသေးတယ်။ (သတင်းကို ဒီမှာ ဖတ်ပါ)

READ
ဆွဲဆောင်မှုရှိတဲ့ လက်တွဲဖော်ကြောင့် ကျန်းမာရေးထိခိုက်လာကြရတဲ့ အမျိုးသမီးများ
IndianExpress

(၃) လေယာဉ်ပေါ်ကဆင်းချိန်တွင် နှာစေး၊ ချောင်းဆိုးဖြစ်ခြင်း

Compare Travel အာမခံကုမ္ပဏီရဲ့ စစ်တမ်းတစ်ရပ်အရ လေယာဉ်စီးနေစဉ် နှာစေး၊ ချောင်းဆိုးဖြစ်ဖို့ ရာခိုင်နှုန်းဟာ ပုံမှန်အချိန်မှာဖြစ်ဖို့ထက် ရာခိုင်နှုန်းတစ်ရာလောက်ပိုတာကို တွေ့ရှိရပါတယ်။ သြစတြေးလျ လေယာဉ်မယ်များ အဖွဲ့က စတိဗ်ရိဒ်ကတော့ ‘လေယာဉ်မယ်တွေ အလုပ်ကနေခွင့်ယူရတဲ့ အကြောင်းပြချက်တွေထဲမှာ နှာစေး၊ ချောင်းဆိုးဖြစ်ခြင်းဟာ အများဆုံးအကြောင်းပြချက်’ လို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လေယာဉ်ပေါ်မှာ လေလည်ပတ်မှုကောင်းဖို့ ၊ လေ၀င်လေထွက်ကောင်းဖို့ ခက်ခဲတာကြောင့်ဖြစ်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ လေယာဉ်ပေါ်က သင်ထိုင်နေတဲ့ ခုံနားမှာရှိတဲ့ လေအေးပေးစက်အပေါက်ကို သင့်ခေါင်းပေါ်တည့်တည့် ချိန်ထားဖို့ပါ။

Businessamlive

(၄) လေယာဉ်စီးနေစဉ် ခြေထောက်များ ထုံကျဉ်၊ ကိုက်ခဲလာခြင်း

တစ်နေရာတည်းမှာ အချိန်ကြာမြင့်စွာ ထိုင်နေခြင်းဟာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကန့်သတ်ထားသလို ဖြစ်ပြီး ခြေထောက်ကို သွေးတွေပိုမိုရောက်ရှိစေပါတယ်။ ဒါ့ကြောင့် ခြေထောက်မှာ သွေးခဲလေးတွေဖြစ်စေတတ်ပြီး သွေးလည်ပတ်မှုဟာ ကောင်းကောင်းစီးဆင်းနိုင်ဖို့ မလွယ်ကူတော့ပါဘူး။ ခြေထောက်တွေ စတင်ပြီး ထုံကျဉ်၊ကိုက်ခဲလာပြီဆိုရင်တော့ လေယာဉ်စီးနေစဉ် မိမိထိုင်တဲ့နေရာနဲ့ အိမ်သာသို့ မကြာခဏ အသွားအပြန် လမ်းလျှောက်ပေးခြင်းဟာ ဒီပြဿနာကို ကာကွယ်ဖို့ နည်းလမ်းကောင်းပါ။

CNN

(၅) အသားအရေများ ခြောက်ပြီး တင်းလာခြင်း

READ
အချစ်ဆုံးလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကြမယ်ဆို ဒီလိုလေးတွေဝတ်ပါ

ပေ (၃၈,၀၀၀) ကျော်လောက် အမြင့်ရှိတဲ့ ကောင်းကင်ပေါ် လေယာဉ်ပျံသန်းနေစဉ်မှာ လေထုစိုထိုင်းဆဟာ (၄) ရာခိုင်နှုန်းခန့် လျော့ကျသွားလေ့ရှိသလို စစ်တမ်းတွေအရလည်း သုံးနာရီကြာစီးရတဲ့ လေယာဉ်ခရီးစဉ်တစ်ခုဟာ ခန္ဓာကိုယ်ထဲက (၁.၅)လီတာခန့်ရှိတဲ့ ရေဓာတ်ကို ကုန်ခန်းစေပါတယ်။ တကယ်လို့ သင်သာ ဒီအချက်ကို လက်တွေ့စမ်းသပ်ချင်တယ်ဆိုရင် အခွံမခွာရသေးတဲ့ လိမ္မော်သီးတစ်လုံးကို လေယာဉ်ခရီးစဉ်ပေါ်ကို ယူသွား ကြည့်ပါ။ လိမ္မော်သီးဟာ လေယာဉ်ခရီးစဉ်အပြီးမှာ အခွံတွေတွန့်ကြေပြီး အရည်ဓာတ်ခန်းခြောက်နေတာကို တွေ့ရပါလိမ့်မယ်။ သြစတြေးလျ ကျန်းမာရေးအဖွဲ့အစည်း ဒုဥက္ကဌ တိုနီဘာတွန်းကတော့ တစ်နေ့တာအတွက် ပုံမှန်အနည်းဆုံးသောက်သင့်တဲ့ ရေ(၈)ခွက်ထက် ရေကိုပိုမိုသောက်သုံးပြီး လေယာဉ်ပေါ်မတက်ခင် အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို မသောက်သုံးခြင်းဟာ ဒီပြဿနာကို ကာကွယ်နိုင်တယ်လို့ ဆိုပါ တယ်။

Elle

(၆) ခေါင်းကိုက်ခြင်း ၊ ကိုယ်လက် မအီမသာဖြစ်ခြင်း

လေယာဉ်ကိုယ်ထည်အတွင်းက လေထုဖိအားဟာ ပေ ၆,၀၀၀ ကနေ ၈,၀၀၀ လောက်မြင့်တဲ့ တောင်ပေါ်က လေထုဖိအားနဲ့ အတူတူလောက်ဖြစ်ပြီး သင့်ရဲ့ခန္ဓာကိုယ်ထဲက သွေးတွေဟာ အောက်ဆီဂျင်ကို ပိုမိုနည်းပါးစွာရရှိနေပါလိမ့်မယ်။ ဒီအချက်ကြောင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းတွေကို ခံစားရတာဖြစ်ပြီး လေယာဉ်ပေါ်မတက်ခင်မှာ ရေများများသောက်ခြင်း ၊ အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ပါတဲ့ အရည်တွေကို မသောက်သုံးခြင်းက ဒီပြဿနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင်ဟာ လေယာဉ်စီးရတာကို ကြောက်ရွံသူဖြစ်လို့ ဒီပြဿနာတွေကို ခံစားနေရတာဆိုရင်တော့ ကာကွယ်စရာနည်းလမ်း မရှိပါဘူး။

CNN

Source : The Sun

ZARNI

SHARE