သင်အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဒီလူ (၃)မျိုးကို ဘယ်တော့မှမမေ့ပါနဲ့

လူတွေရဲ့အကြောင်းကို သင်အခက်အခဲဖြစ်တဲ့အချိန်မှာ သိလာရတတ်တယ်။ သင့်ဘေးမှာ ရှိနေတဲ့လူတွေရဲ့ စိတ်ဓာတ်ကို သင်အခက်ခဲဆုံးအချိန်မှာ တွေ့လာရတတ်တယ်။ အဲ့ဒါကြောင့် သင်နဲ့ မအောင်မြင်ခင်ကရော ၊ အောင်မြင်ပြီးသည်ထိ သင့်ဘေးကနေ ထောက်ပံ့ကူညီနေတဲ့သူမျိုးကို အဆင်ပြေသွားတဲ့အချိန်မှာ မထားခဲ့လိုက်ပါနဲ့။ သင့်ရဲ့အခက်ခဲဆုံးအချိန်တွေမှာ တွေ့ရမယ့် ဒီလူ (၃)မျိုးကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့။

(၁) သင့်ကို ကူညီပေးခဲ့တဲ့လူ

သင်ဘယ်လို အခြေအနေမျိုးပဲရောက်ရောက် သင့်ကို ကူညီပေးတတ်တဲ့သူမျိုးနဲ့ သင်ခက်ခဲတဲ့ အခြေအနေတစ်ခုကိုရောက်နေတာတောင် ကူညီပေးခဲ့တဲ့သူမျိုးကို မမေ့ပါနဲ့။ စာအုပ်ထဲမှာ သင့်ကိုကူညီပေးခဲ့ဖူးတဲ့နာမည်တွေကို ချမှတ်ထားပေးပါ။ တစ်နေ့ သင်အဆင်ပြေသွားတဲ့အချိန် ကျေးဇူးဆပ်ပေးပါ။ ဘယ်တော့မှ ဘ၀မမေ့ဘဲ ကျေးဇူးရှင်ကို အမှတ်ရနေပေးပါ။ သင့်ကို ကူညီခဲ့ဖူးသူ အဆင်မပြေဖြစ်တဲ့အချိန်မှာ ပြန်ကူညီပေးပါ။

(၂) သင့်ကို ထားသွားခဲ့တဲ့လူ 

သင်အဆင်ပြေနေတဲ့အချိန် သင့်နားမှာ မှီတွယ်စားသောက်နေခဲ့ပြီးမှ သင်လည်း အခက်အခဲဖြစ်နေတဲ့အချိန်မှာ သင့်ကို မသိချင်ယောင်ဆောင်ပြီး ထားသွားခဲ့တဲ့သူကိုလည်း မမေ့ပါနဲ့။ တစ်ယောက်ချင်းစီကို မှတ်ထားလိုက်ပါ။ သင်အဆင်မပြေတော့မှ သင့်ကို ထားသွားခဲ့တဲ့သူ ၊ လက်လွှတ်ခဲ့တဲ့သူ ၊ ငြင်းပယ်ခဲ့တဲ့သူ ၊ နှိမ့်ခဲ့တဲ့သူတွေကို ဘယ်တော့မှ မမေ့ပါနဲ့။ လူတွေအကြောင်းကို ဒီလိုအချိန်ပိုပြီး သိလာရသလို အတုအယောင်တွေကို ပိုပြီးသိလာရပါတယ်။

READ
တကယ့်သူငယ်ချင်းကောင်း(BFF)တွေဆိုတာ ဒီလိုနေကြတယ်။

(၃) သင့်ကို ချောက်တွန်းခဲ့တဲ့လူ 

သင်နဲ့အတူ တစ်လှေတည်းစီးနေရာကနေ ပြဿနာတစ်ခုခုလည်းဖြစ်ရော သင့်ကိုချောက်တွန်းပြီး ယုတ်မာခဲ့တဲ့သူမျိုးကို ရင်ဘတ်မှာ စွဲနေအောင်မှတ်ထားပါ။ တချို့က အမှတ်မရှိကြဘူး။ ကိုယ့်ကို ဒီလောက်ထိလုပ်သွားခဲ့တာကို မေ့သွားပြီး ခွင့်လွှတ်တတ်ကြတယ်။ အဲ့လိုမျိုးဆို သင်ပဲ အကြိမ်ကြိမ်အခါခါ ခံရတတ်တယ်။ အဲ့ဒါကြောင့် သင်အခက်ခဲဖြစ်နေတဲ့အချိန်မှာ သင့်ကိုတစ်ယောက်တည်းထားခဲ့ပြီး ချောက်တွန်းခဲ့တဲ့သူကို မမေ့လိုက်ပါနဲ့။

Hannwe Soe (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE